မုံရွာ လ.ဝ.က ရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
*************************
သံလွင်ခက်။
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲနေသည့် လ.ဝ.က ရုံးကို ဒေသခံကာကွယ်ရေးတပ်က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု Monywa Lightning PDFမှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ယနေ့နံနက် ၃ နာရီတွင် မုံရွာမြို့နယ် လ.ဝ.က ရုံးမှ စစ်ကောင်စီတပ်သားများကို ၇၉ မမဖြင့် ၃ ချက်တိတိ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး နေရာတွင် သေဆုံးခဲ့သည်ဟု မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမှ သံလွင်ခက်သတင်းဌာနကို ပြောသည်။
“ ပြည်သူတွေကို ခကြာခဏဆိုသလို ငွေညှစ်လေ့ရှိပါတယ်ဗျ။ စစ်ကောင်စီအကျအဆုံးစာရင်းကို မြေပြင်ကင်းထောက်ဆီကတစ်ဆင့် သိရတာပါ ” ဟု ၎င်းက ပြောသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သဖြင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်လ ဇန်နဝါရီ ၁၉ ရက်တွင်လည်း ဆားလင်းကြီးနယ်ရှိ ကျေးရွာများကို မီးပတ်ရှို့နေသည့် စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့သည်။
ပုံစာ – မုံရွာခရိုင်တပ်ရင်း၇- Lightning People Defence Force တပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ – Monywa Lightning PDF