PDF စစ်ကြောင်း ၇ ကြောင်းကို လက်နက်များ NUG ဆက်တိုက်တပ်ဆင်ပေး
********************************
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။
ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့ရှိ ရဲဘော်များကို လက်နက်များတပ်ဆင်ပေးခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ တာဝန်ရှိသူများက စစ်ကြောင်း၂ ကြောင်းမှ PDF ရဲဘော်များအား ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် လက်နက်များ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုနောက် တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားက စစ်ဒေသခွဲအမှတ် ၃ အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။
ထို့ပြင် ယခင်အကြမ်းဖက်စစ်ကောင်စီနှင့် ဖြစ်ပွားခဲ့သော ထိတွေ့ရင်ဆိုင်တိုက်ပွဲများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းများနှင့် မဟာမိတ်များပူးပေါင်းချိတ်ဆက်ကာ စစ်ရေးဖော်ဆောင်နိုင်ခဲ့မှုသည် Chain of Command အားကောင်းလာမှုကို ဖော်ညွှန်းနေပြီး စစ်ဆင်ရေးစီမံမျက်များကို အောင်မြင်စွာဖြင့် အကောင်ထည်ဖော်နိုင်ခဲ့သည်ဟု ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ကြောင်းများအား စစ်ဆင်ရေးရည်မှန်းချက်များ အောင်မြင်စွာဖြင့် အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် လက်နက်များနှင့် ခဲယမ်းများကို ဖြည့်တင်းဆောင်ရွက်ခြင်းနှင့် ရဲဘော် များ၏ စွမ်းရည်ပြည့်ဝစေရန်အတွက် မွမ်းမံသင်တန်းများ ပြုလုပ်ကာ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိနေသည်။
လက်နက်တပ်ဆင်ပေးမှုအပိုင်းတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းရှိ တိုက်ပွဲဝင်ရဲဘော်များထံသို့ လက်နက်များ အသီးသီးတပ်ဆင်ပေးအပ်ခဲ့ပြီးဖြစ်သည်။
ပုံစာ – ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့ရှိ ရဲဘော်များကို လက်နက်များတပ်ဆင်ပေးမှု။
Photo – ရဲဘော်ဗိုလ်ချုပ်