ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်ကပြီးခဲ့သော ဇန်နဝါရီလတွင် လေကြောင်းမှ ဗုံးသီး ၁၅၄ လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁၄ ဦးသေဆုံး၍ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ ၅ မူတြော်သတင်းစဥ်က ယနေ့တွင်ထုတ်ပြန်ထားသည်။ ကေအဲန်ယူတပ်မဟာ၅ နယ်မြေအတွင်းရှိ ကျေးရွာများ လယ်ယာ၊ ဥယျာဥ်များအတွင်းသို့ စစ်ကောင်စီတပ်က…