• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်
  • ဆက်လည်ပတ်နေသော ကျားဖြန့်လုပ်ငန်းများ ကင်းရှင်းသည်အထိ နှိမ်နင်းရန် တရုတ်အာဏာပိုင်များ တိုက်တွန်း
  • ထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူ
  • ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ
  • ထိုင်းနိုင်ငံတွင်း အက်ဒမန်ပြည်နယ်များ ဆူနာမီ ဘေးအန္တရာယ်စီမံကိန်း တိုးမြှင့်ရန် ညွှန်ကြား
  • စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းကြဲချ၊ ကလေးငယ်များအပါအဝင် သေဆုံးမှုများရှိ
  • နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း မကျရှုံးစေရန် စစ်ကောင်စီ အင်အားဖြည့်
  • မာနယ်ပလောစစ်ဆင်ရေးဦးဆောင်ခဲ့သော တပ်မှူး နှစ်ဦး ကော်သူးလေးရဲစွမ်းသတ္တိဆု ရရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»မေ့လျော့ခံ CDM များ၏ သန္နိဌာန်
သတင်းဆောင်းပါး

မေ့လျော့ခံ CDM များ၏ သန္နိဌာန်

thanlwinkhetBy thanlwinkhetFebruary 4, 2023No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

CDM ပြုလုပ်ခဲ့သည့် ကာလအတွင်း အစာရေစာ ငတ်ပြတ်မှု၊ အနေအထိုင်ဆင်းရဲမှု၊ တိုက်ပွဲတွင်း အသက်လုပြေးရမှုနှင့် ကြုံခဲ့ရပြီး လက်ရှိအချိန်အထိလည်း ငွေတိုးဖြင့် ကျပ်သိန်းဆယ်ချီ ချေးယူ၍ အလုပ်တစ်ခု ရရန် ကြိုးစားနေသည့် ကိုနွေဦးတစ်ယောက် NUG က ထုတ်ပြန်ချက်ကို တွေ့ခဲ့ရပြီး အားတက်မိခဲ့သည်ဟု ဆိုသည်။

စစ်အာဏာသိမ်း နှစ်နှစ်ပြည့်ကာလအထိ အခက်အခဲမျိုးစုံကို ရင်ဆိုင်၍ အမှန်တရားနှင့် ဓမ္မဘက်မှ ရဲရဲဝင့်ဝင့် ခိုင်ခိုင်မာမာရပ်တည်ခဲ့သော CDM ဝန်ထမ်းများကို ဂုဏ်ပြုချီးမြင့်သွားမည်ဟု NUG က ယခု ဖေဖော်ဝါရီ ၁ ရက်တွင်ထုတ်ပြန်ကြေညာသည်။

CDM ဝန်ထမ်းများနှင့်ပတ်သက်၍ NUG ၏ ကြေညာချက်တွင် CDM များကို နိုင်ငံအဆင့် ဂုဏ်ဆောင်ဘွဲ့များပေးအပ်သွားမည်ဖြစ်ပြီး ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်ခြင်း၊ နေ့စားဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ်အတည်ပြုခန့်အပ်ခြင်း၊အာဏာသိမ်းချိန်မှစ၍ ထုတ်ယူခြင်းမရှိခဲ့သော လုပ်ခလစာငွေများနှင့်  ချီးမြှင့်ငွေများအားလုံးကို တစ်လုံးတစ်ခဲတည်းပြန်လည်ပေးအပ်ခြင်းတို့ ပါဝင်သည်။

“NUG က ထုတ်ပြန်ချက် တွေ့တော့ စိတ်ခွန်အားရပါတယ် ။ ဒါပေမယ့် NUG ဆီက ဘာအခွင့်အရေးမှ မမျှော်လင့်ထားပါဘူဗျ။ NUG က စာထုတ်ထားတဲ့အတိုင်း တကယ်လုပ်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်တို့လို CDM  သမားတွေထက် တိုက်ပွဲ၀င် ညီ‌အစ်ကို မောင်နှမတွေကိုပဲ ထောက်ပံ့ပြီး မြန်မာပြည်ကြီး အမြန်ဆုံး အေး‌ချမ်းအောင် ကူညီထောက်ပံ့ပေးဖို့ပဲ မျှော်လင့်ပါတယ်ဗျ“

တစ်ကိုယ်ရည်အခက်အခဲများ အဆင်ပြေသွားစေလိုသည့် ဆန္ဒထက် မြန်မာပြည်သူတစ်ရပ်လုံး ကြုံတွေ့ခံစားနေရသည့် ဒုက္မများအား ကိုနွေဦးတစ်ယောက် အမြန် ချုပ်ငြိမ်းစေချင်နေသည်။

စစ်ကောင်စီအရှိုက်ကို ထိမှန်ခဲ့သည့် CDM လှုပ်ရှားမှု

********************************

လက်ရှိနွေဦးတော်လှန်ရေးကာလတွင် CDM လှုပ်ရှားမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အပြင်နွေဦးတော်လှန်ရေး၏ တပ်ဦးဟုပင် ဆိုနိုင်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီး နောက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများက Civil Disobdient Movement CDM လှုပ်ရှားမှု စတင်ခဲ့ရာမှ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ပြန်ကြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး အစရှိသည့် ဌာနများနှင့် အခြားဌာနများမှ သိန်းချီရှိသော ဝန်ထမ်းများက စစ်ကောင်စီကို ဆန့်ကျင်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီသည် အခက်အခဲအကြပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး CDM ဝန်ထမ်းများအပြင် ၎င်းတို့နှင့် ဆက်နွယ်နေသူများအထိကိုပါ အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်ခဲ့သည်။

မတရားပုဒ်မများဖြင့် တရားစွဲခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ နေအိမ်များမှ ဖယ်ရှားခြင်းနှင့် အခြားလုပ်ငန်းများတွင်လုပ်ကိုင်၍ မရနိုင်အောင် ကန့်သတ်ခြင်း အစရှိသည်များအပါအဝင် နည်းမျိုးစုံဖြင့် ဖိနှိပ်ခဲ့သည်။

လက်ရှိအချိန်အထိ စစ်ကောင်စီက CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်းနှင့် အလုပ်များ ပိတ်သိမ်းခြင်းများကိုပြုလုပ်နေဆဲ ဖြစ်သည့်အတွက် CDM ဝန်ထမ်းများမှာ အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကာလအတွင်း အခက်အခဲဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။

သို့သော်လည်း CDM ဝန်ထမ်းအများစုက စစ်ကောင်စီကိုအန်တု၍ နွေဦးတော်လှန်ရေးတိုက်ပွဲတွင် ပါဝင်နေကြဆဲဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ CDM ဝန်ထမ်း၃၈၀၀၀၀ ဦးကျော် ရှိနေဆဲဖြစ်သည်ဟု သိရသည်။

ထိုအထဲတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ မီးရထားရဲတပ်ဖွဲ့ဝင်  CDM ဝန်ထမ်း ကိုနွေဦးလည်း အပါအဝင်ဖြစ်သည်။ ရဲတပ်ရင်းတွင် နှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မီးရထားရဲ ဝန်ထမ်းအဖြစ် တစ်နှစ်ကျော် တာဝန်ထမ်းဆောင်နေခဲ့သော ကိုနွေဦးသည် အာဏာသိမ်းကာလတွင် သူ့၏ အလုပ်ကို စွန့်လွတ်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။

အခက်အခဲ ဒုက္ခများနှင့် နဖူးတွေ့၊ ဒူးတွေ့

******************************

ကိုနွေဦး CDM ဝင်ရောက်ချိန်သည် အခြားသူများထက် အနည်းငယ် နောက်ကျသည့် အချိန်ကာလဖြစ်သည့်အတွက် စစ်ကောင်စီ၏ CDM ဝန်ထမ်းများအပေါ်  ဖိနှိပ်မှုများ ရှိနေသည်ကို ကောင်းကောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်အောင် အရင်သွားခဲ့ပြီးမှ CDM ပြုလုပ်ခဲ့သည်ဟု ကိုနွေဦးကပြောသည်။

“သူငယ်ချင်း CDM  တွေဆို အိမ်မှာ မအိပ်ရဲဘဲ ညဘက်တွေ ဆို အခြားမှာ ရှောင်တိမ်းပြီး အိပ်ခဲ့ရပါတယ်။ကျွန်တော်ဆို လေးကေ့ကော်ကိုရောက်ရှိပြီး လုံခြုံပြီဆ်ိုကာမှ ရုံးကို CDM စတင်ပြုလုပ်ကြောင်း Viber ကနေ မက်ဆေ့ချ် ပို့ပေးလိုက်တယ်”

ကိုနွေဦး CDM စတင်ပြုလုပ်ချိန်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက် ဖြစ်သည်။ ထိုအချိန်တွင် လေးကေ့ကော်သို့တက်ကြွလှုပ်ရှားသူများ၊ CDM များနှင့် PDF ရဲဘော်များ အလျှိုလျှိုသွားရောက်နေခဲ့သောကြောင့် ကိုနွေဦး တစ်ယောက်လည်း လေးကေ့ကော်သို့ သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အသက်အန္တရာယ်ခြိမ်းခြောက်မှု ခံရသော ထောင်ချီသည့် သူများအတွက် ခိုလှုံရာ နေရာ တစ်ခုဖြစ်ခဲ့သည့် လေးကေ့ကော်သည် ကိုနွေဦးအတွက် ပန်းခင်းလမ်း

မဟုတ်ခဲ့ပေ။

လေးကေ့ကော်စရောက်ပြီး ပန်းခြံတွင် ၃ ရက်၊ ၄ ရက်သာ သက်သောင့်သက်သာ နေခဲ့ရပြီးနောက် ကိုနွေဦးတစ်ယောက် တောတွင်းစခန်းတစ်ခုဖြစ်သည့် ဂူဝတွင် လချီ နေထိုင်ခဲ့ရသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် မိုးရာသီလည်း ဖြစ်သောကြောင့် ဂူဝတွင် စားသောက်ရေးပြတ်လပ်မှုများနှင့် ကြုံခဲ့ရသည်ဟု ကိုနွေဦးက ပြောသည်။

“မိုးရွာလို့ လမ်းခရီးအဆင်မပြေဖြစ်တဲ့အခါ ရိက္ခာပို့ဖို့ ခက်ခဲလာတယ်။ စားသောက်စရာတွေ မရှိတော့လို့ တောထဲသွားပြီး မျှစ်၊ ပဒပ်စာတွေ ခူးခပ်ပြီး စားခဲ့ရတယ်။ စမ်းချောင်းရေက မိုးမရွာရင် ကြည်ပြီး မိုးရွာတဲ့အခါစမ်းချောင်းရေ အနောက်ကိုပဲ ကြိုချက်ပြီး သောက်ခဲ့ရတယ်”

မိုးတွင်းကာလတစ်လျှောက်လုံး မကြာခဏ ကြုံတွေ့ရသည့် အခက်အခဲကို ကိုနွေဦးက ပြန်ပြောင်း ပြောပြသည်။

တောထဲတွင် သုံးလကျော် အစားအစာနှင့် သောက်ရေးအခက်အခဲ၊ မလုံမခြုံ နေထိုင်ရမှုများကြောင့် ကျန်းမာရေးချို့ယွင်းမှုများ ရှိလာသော ကိုနွေဦးသည် CDM တချို့ ခိုလှုံနေရာ လေ့ကေ့ကော်မြို့သစ်အတွင်း ပြောင်းရွှေ့ ခိုလှိုခွင့် ရရှိခဲ့သည်။

လေးကေ့ကော်မြို့သစ်ထဲတွင် ယခင်တောတွင်း အခြေအနေထက် အနေအထိုင်၊ အစားအသောက်များ အဆင်ပြေပြေဖြင့် နေထိုင်ခဲ့ရသည်။ သူ၏ ကျန်းမာရေး မကောင်းမှုအတွက်လည်း ဆေးရုံတက်ရောက်၍ ဆေးကုသခွင့်များရခဲ့သည်။

လအတော်ကြာလာသောအခါ ကျန်းကျန်းမာမာ စိုစိုပြည်ပြည်ဖြစ်ခဲ့သည်။ သို့သော် သူ၏ CDM ဘဝ ခဏတာအဆင်ပြေမှုသည် သိပ်မကြာခဲ့။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြစ်ပွားခဲ့သော လေးကေ့ကော်တိုက်ပွဲကြောင့် နွေဦးတစ်ယောက်စစ်ပြေးဒုက္ခသည်ဘဝကို ရောက်ခဲ့ရပြန်သည်။

“လေးကေ့‌ကော်မှာ တိုက်ပွဲ စဖြစ်တော့ ကျွန်တော်တို့ နေထိုင်တဲ့ သင်တန်းကျောင်းအနောက်က လျှိုထဲမှာ ပြေးပုန်းရင်း တစ်ည အိပ်ခဲ့ရပါတယ်။ ပြီးတော့ တောင်ပေါ်မှာ ၇ ရက်လောက် ထပ်နေခဲ့ရပါတယ်။ တောင်ပေါ်ဆိုတော့ ဖုန်းလိုင်း မရဘူး။ အေးစိမ့်တယ်။ PDF က ပို့ကျွေးတဲ့ ရိက္ခာတွေနဲ့ စားသောက်ပြီး ကျန်းမာရေးကောင်းအောင် ဂရုစိုက်ပြီး နေခဲ့ရတယ်” ဟု တိုက်ပွဲရှောင်ခဲ့ရသည့် အခြေအနေကို ကိုနွေဦးက ပြောသည်။

လေးကေ့ကော်တိုက်ပွဲသည် တစ်စနှင့် တစ်စ နယ်မြေကျယ်ပြန့်ပြီး ပိုမို ပြင်းထန်းလာခဲ့သောကြောင့်  ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဒီဇင်ဘာလကုန်ပိုင်းတွင် ကိုနွေဦးထွက်ပြေးရှောင်တိမ်းလာခဲ့ရသည်။

မဲဆောက်တွင် ကူညီထောက်ပံ့ပေးသူများရှိ၍ ခဏတာအဆင်ပြေခဲ့ပြီး ရေရှည်ရပ်တည်ရေးအတွက် ကိုနွေဦးအလုပ်ရှာခဲ့သည်။ တရားမဝင် နေထိုင်သူဖြစ်သောကြောင့် အလုပ် အများစုက အဆင်မပြေခဲ့။ နောက်ဆုံး ရရာအထည်ချုပ်လုပ်ငန်း တစ်ခုတွင် လုပ်ကိုင်ခဲ့သည်။

“မီးပူတိုက်တာက အထည် ၁၀၀၀ တိုက်မှ ဘတ် ၁၀၀ ရတာ။ ခေါက်တာဆို အထည် ၁၀၀ ခေါက်မှ ဘတ် ၂၀ ပဲ ရတယ်။ ပိတ်ရက် မရှိဘူး။ တချို့ရက်တွေဆို အထည် ၂၅၀၊ ၃၀၀ လောက်ပဲ ခေါက်နိုင်တယ်” ဟု မဲဆောက်တွင်ပထမဆုံး လုပ်ခဲ့ရသည့် အလုပ်ကို ကိုနွေဦးက ပြောသည်။

အလုပ်ချိန် နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ လုပ်ခဲ့သော ထိုအလုပ်တွင် အလုပ်လုပ်နိုင်မှုအပေါ် မူတည်၍ ရရှိခြင်းဖြစ်သောကြောင့် ကိုနွေဦးတစ်ယောက် တစ်နေ့ကို ဘတ် ၁၀၀ အထိသာ အများဆုံး ရရှိအောင် လုပ်နိုင်ခဲ့ပြီး တစ်ခါတရံ တစ်နေ့လျှင် ဘတ် ၅၀၊ ၆၀ ခန့်သာ ရရှိတတ်သည်။

အလုပ်ပြီးချိန်တွင်လည်း အခန်းကျဥ်းကလေးထဲက နှစ်ထပ်ကုတင်ပေါ်တွင် နေရသည့်အပြင် လုပ်ခလစာမှာလည်းဘတ် ၃၀၀၀ လောက်သာ အများဆုံး ရရှိသောကြောင့် ထိုအလုပ်တွင်လည်း ကိုနွေဥဦး ကြာကြာမလုပ်နိုင်ခဲ့။

ထို့နောက် စက်ရုံ တစ်ခုပြီး တစ်ခု အလုပ်ပြောင်းလုပ်ခဲ့သော်လည်း တစ်လ ဘတ် ၃၅၀၀ ဝန်းကျင်သာ ရရှိပြီး ပင်ပင်ပန်းပန်းလုပ်ရသည့်အတွက် ဘန်ကောက်တွင် အလုပ်သွားလုပ်ရန် ကိုနွေဦးဆုံးဖြတ်ခဲ့သည်။

ဘန်ကောက်သို့ တက်ရောက် အလုပ်လုပ်ကိုင်ရန်မှာလည်း တရားမဝင် နေထိုင်သူဖြစ်သောကြောင့် ငွေကြေးနည်းနည်းဖြင့် သွားရောက်နိုင်ရန် မဖြစ်နိုင်ခဲ့။

ငွေလမ်းခင်းရသည့် တရားမဝင်လမ်းကြောင်းကိုသာ ရွေးချယ်ရသည်။ CDM ပြုလုပ်လာခဲ့သည့် ကာလတစ်လျှောက်လုံး အလုပ်မရှိခဲ့သည့်အပြင် မဲဆောက်တွင် အလုပ်လုပ်ကိုင်နေချိန်၌လည်း ငွေမစုဆောင်းနိုင်သဖြင့်ဘန်ကောက်တက်ရန် အဆင်မပြေဖြစ်ခဲ့ရသည်။

မြန်မာငွေ ၁၆ သိန်းကျော် (ထိုင်းဘတ် ၂၀၀၀၀) ကုန်ကျသည့် ဘန်ကောက်သို့ တက်ရန် စရိတ်အတွက် အသိများထံမှ ချေးယူခဲ့ရသည်။

“ကုန်တင်ကားပေါ်မှာ တက်စီးခဲ့ရတာ။ ကားပေါ်မှာ ကုန်တစ်ဝက်တင်ထားတယ်။ အပေါ်က မိုးကာကြီး အုပ်ခဲ့တာ။အမှောင်ခန်းထဲလိုက်စီးခဲ့ရသလိုပဲ။ ကားပေါ်တက်တော့ ကားသမားက ကားရပ်လိုက်ရင် ဘာသံမှ မထွက်ဖို့ မှာတယ်။ အသံမထွက်ရဲဘူး။ မိမှာစိုးရိမ်တယ်။ ကျွန်တော်က ကားမူးတတ်တော့ ကားစီးရတာအဆင်ပြေပါ့မလား။ဟိုရောက်ရင် အသက်တောင် ပါပါ့မလားစိုးရိမ်စိတ်တွေနဲ့ပဲ ရောက်လာခဲ့တယ်” ဟု ဘန်ကောက်သို့ တက်လာရာလမ်းခရီး ခက်ခဲမှုအခြေအနေကို ကိုနွေဦးက ပြောသည်။

ငွေကြေးအခက်အခဲ၊ လမ်းခရီးအခက်အခဲများကြားမှ အရဲစွန့်ပြီးတက်လာခဲ့သော ကိုနွေဦးတစ်ယောက်ဘန်ကောက်တွင်လည်း မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာသေးပေ။

အလုပ်တစ်ခု ရရန်အတွက်ကိုပင် ရုန်းကန်နေရဆဲဖြစ်ပြီး ငွေလမ်းထပ်ခင်းခဲ့ရပြန်သည်။ ဘန်ကောက်တွင် အလုပ်လုပ်နိုင်ရန် ပန်းရောင်ကတ်၊ Work Permit နှင့် CI ကတ်များ ပြုလုပ်ရမည်ဖြစ်ပြီး ထိုကတ်များအတွက် ဘတ်၂၅၅၀၀ ထပ်မံကုန်ကျမည်ဖြစ်သည်။

သန်းခေါင်ထက် ညဥ်းမနက်နိုင်တော့သည့် အခြေအနေတစ်ရပ်နှင့်ကြုံနေရသော ကိုနွေဦးတစ်ယောက် ကတ်များလုပ်ရန် လိုအပ်ငွေအတွက် အသိများထံမှ ထပ်ချေးငှားဖို့ရာလည်း မဖြစ်နိုင်တော့။ မတတ်သာသည့်အဆုံး တစ်ဆယ်ကျပ်တိုးပေး၍ ထပ်မံချေးငှားခဲ့ရပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်တွင် ဘန်ကောက်သို့ ရောက်ရှိခဲ့သော ကိုနွေဦးသည် လက်ရှိတွင်လည်း လိုအပ်သော ကတ်များအတွက် ငွေကြေးကုန်ကျခံ၍ လုပ်ထားသောကြောင့် မကြာခင်အလုပ်တစ်ခု ရမည်ဟု သူမျှော်လင့်နေသည်။

“CDM စလုပ်ကတည်းက ညီအစ်ကိုမောင်နှမတွေဆီက   တောင်းသုံးလာတာ။ သူတို့ကို ကျေးဇူးပြန်ဆပ်ချင်တာရယ်။ အရင်က တောထဲက သူငယ်ချင်းတချို့ အကူအညီ တောင်းတဲ့အခါ မကူညီနိုင်ခဲ့ဘူး။ သူတို့ကိုလည်း ကူညီပေးချင်တယ်။ တောထဲက PDF တွေကို တတ်နိုင်သလောက် ထောက်ပံ့သွားချင်တယ်” ဟု ပင်ပန်းဆင်းရဲ ဒုက္ခများကြားမှ အလုပ်ရှာနေရသည့် အဓိကအကြောင်းအရင်းကို ကိုနွေဦးက ပြောသည်။

စစ်အာဏာရှင်စနစ်ဆိုးကြီးချုပ်ငြိမ်းသွားရမည်ဆိုသည့်သန္နိဌာန်ဖြင့်  CDM ပြုလုပ်ခဲ့သူ၊ အခက်အခဲဒုက္ခတွေကိုရက်ရှည်လများ ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ခဲ့သူ ကိုနွေဦးတစ်ယောက် တော်လှန်ရေးကြီးအမြန်ပြီးမြောက်ဖို့ဆန္ဒပြင်းပြနေပြီး အလုပ်ရလျှင်လည်း PDFရဲဘော်များကိုထောက်ပံ့ကူညီသွားမည်ဟုဆိုသည်။

(မိသားစုလုံခြုံရေး အခြေအနေများကြောင့် ကိုနွေဦးဟု အမည်ကို အစားထိုးအသုံးပြုထားသည်)

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျောက်ထုံးကြီးရွာ NLD လွှတ်တော်ကိုယ်စားလှယ်နေအိမ်ကို စစ်ကောင်စီတပ်မီးရှို့
Next Article လက်လုပ်များဖြင့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ ၁၃၀ ကျော်ရှင်းလင်းနိုင်ခဲ့
thanlwinkhet
  • Website

Related Posts

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

April 28, 2025

ပဋိပက္ခကြားက ကလေးတွေရဲ့ ပညာရေး ခရီးကြမ်း

April 27, 2025

ငလျင်က မြန်မာ့ပြည်တွင်းစစ်ရဲ့ဟန်ချက်ကို ပြောင်းလဲနိုင်သလား

April 24, 2025

Leave A Reply Cancel Reply

Recent Posts

  • ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်
  • ဆက်လည်ပတ်နေသော ကျားဖြန့်လုပ်ငန်းများ ကင်းရှင်းသည်အထိ နှိမ်နင်းရန် တရုတ်အာဏာပိုင်များ တိုက်တွန်း
  • ထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူ
  • ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ
  • ထိုင်းနိုင်ငံတွင်း အက်ဒမန်ပြည်နယ်များ ဆူနာမီ ဘေးအန္တရာယ်စီမံကိန်း တိုးမြှင့်ရန် ညွှန်ကြား

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်

ဆက်လည်ပတ်နေသော ကျားဖြန့်လုပ်ငန်းများ ကင်းရှင်းသည်အထိ နှိမ်နင်းရန် တရုတ်အာဏာပိုင်များ တိုက်တွန်း

ထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူ

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်နယ်မြေ ၁၀၅ မိုင်တွင် ပထမဆုံး ပြည်သူ့ဆေးရုံဖွင့်လှစ်

July 8, 2025

ဆက်လည်ပတ်နေသော ကျားဖြန့်လုပ်ငန်းများ ကင်းရှင်းသည်အထိ နှိမ်နင်းရန် တရုတ်အာဏာပိုင်များ တိုက်တွန်း

July 8, 2025

ထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူထိုင်း-မြန်မာနယ်စပ် သုခစစ်စခန်းကို KNU သိမ်းယူ

July 8, 2025

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ

July 8, 2025

ထိုင်းနိုင်ငံတွင်း အက်ဒမန်ပြည်နယ်များ ဆူနာမီ ဘေးအန္တရာယ်စီမံကိန်း တိုးမြှင့်ရန် ညွှန်ကြား

July 8, 2025

စစ်ရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းကြဲချ၊ ကလေးငယ်များအပါအဝင် သေဆုံးမှုများရှိ

July 7, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.