“အောင်လင်းဒွေးမကလို့ အောင်လင်းဒွေးအဘ မင်းအောင်လှိုင်ပဲလာလာ ဆော်မှာပဲ ” မာရှယ်လောထုတ်ပြန်မှုအပေါ် ရေးဘီလူးအဖွဲ့ခေါင်းဆောင်တုန့်ပြန်
***************************
Saw Smith
ဖေဖော်ဝါရီ ၃၊ ၂၀၂၃။
စစ်ကောင်စီက အာဏာသိမ်းကာလကို ၆လသက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် ၎င်းတို့၏ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်အာဏာကျင့်သုံးရန် ယမန်နေ့တွင် ထုန်ပြန်ကြေညာခဲ့သည်။
ထိုကြေညာချက်တွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်အတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်တို့ ပါဝင်လာခဲ့သည်။
အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်၏ မေးမြန်းမှုကို ယခုကဲ့သို့ဖြေကြားသည်။
“ အာဏာစသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ဒေသလို့ပဲ ကျွန်တော်တို့က မြင်တယ်။ သူတို့ဟာ သူတို့ဘယ်လိုပုံစံပဲ ပြောင်းပြောင်း နောက်ထပ်စစ်အုပ်ချုပ်ရေးနဲ့ သွားမယ့်ပုံစံမျိုးတွေ ဘယ်လောက်ပဲ ပြောပြော ကျွန်တော်တို့ရဲ့ အမြင်မှာကတော့ ဒီကောင်တွေက ပြည်သူကို ဖိနှိပ်တယ်။
ပြည်သူ့အာဏာကို လုယူထားတဲ့အတွက်ကြောင့် စစ်အုပ်ချုပ်မှုစနစ်က ဟိုးအာဏာစသိမ်းပြီးကတည်း ၂၀၂၁ ကတည်းက အုပ်ချုပ်မှုစနစ်က လည်ပတ်နေတာပဲ ။
ကျွန်တော်တို့အနေနဲ့ ရှည်ရှည်ဝေးဝေး ပြောဖို့ မရှိဘူး ။ ဘယ်လိုပုံစံမျိုးပဲ အုပ်ချုပ်အုပ်ချုပ် ကျွန်တော်တို့တွေက တော်လှန်သွားမယ်။ မရ ရတဲ့နည်းနဲ့ ချရမယ်။
ဒီကောင်တွေကို အလွတ်မပေးဘူး၊ အလစ်မပေးဘူး။ လစ်ရင် လစ်သလိုဆော်မှာ။ ဒီ့ထက်မက ကျွန်တော်တို့ ကြီးမားတဲ့ သက်ရောက်မှုမျိုးတွေ လုပ်ဖို့ အများကြီး ပြင်ဆင်ထားတယ်။ နောက်တစ်ခုက ခွေးနဲ့ ပျူတွေ အကုန်လုံး ရဲခွေးတွေကော တစ်ပြိုင်တည်း သုတ်သင်ရှင်းလင်းဖို့ အများကြီး ပြင်ဆင်ထားတာမျိုးတွေရှိတယ်။
ကျွန်တော်အနေနဲ့က ဂရုကိုမစိုက်တာ အောင်လင်းထွေးမကလို့ အောင်လင်းဒွေးရဲ့အဘ မင်းအောင်လှိုင်ပဲ လာလာ မွန်ပြည်နယ်ထဲကို လာတာနဲ့ ကျွန်တော်တို့က ဆော်မှာ ”
ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီ စခန်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်လမ်းကြောင်းများကို တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီဒေါက်တိုင်များကို ရှင်းလင်းခြင်း အစရှိသည်တို့အပါအဝင် မစ်ရှင်များစွာ ဆောင်ရွက်ထားသည်။
ပုံစာ – ရေးဘီလူးအဖွဲ့က ထိန်းချုပ်ထားနိုင်ခဲ့သည့် ရေးမြို့နှင့် ၂မိုင်ခန့်အကွာကျုံလောင်းရွာဟောင်းကို ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် နယ်မြေရှင်းလင်းနေပြုလုပ်စဥ် တွေ့ရသော ရေးဘီလူးအဖွဲ့ခေါင်းဆောင်။