ယောPDF လေ့ကျင့်ရေး လက်ဖြောင့်တပ်သားများ လက်တွေ့ကွင်းဆင်းပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦးသေဆုံး
*************************
သံလွင်ခက်။
ဖေဖော်ဝါရီ ၄၊ ၂၀၂၃။
မကွေးတိုင်းဒေသကြီး ယောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လက်ဖြောင့်တပ်သား (Rifleman) များပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
ဂန့်ဂေါမြို့ တောင်ဖက်မြို့ဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ဖြောင့်တပ်သားများက အလစ်အငိုက် ပစ်ခတ်ခဲ့ရာစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သား ၃ ဦးအနက် ၂ ဦးမှာပြင်းထန် ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးနိုင်သည်ဟု သည်။
ထိုပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ၄၀ မမ ဗုံးပစ်လောင်ချာများ၊ စက်သေနတ်များ၊ မောင်းပြန်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး ခဏအကြာတွင် စစ်ကားများဖြင့် အင်အားတိုးချဲ့ခြင်း၊ လေကြောင်းမှ လေယာဉ် ၂ စင်း လာရောက်ခြင်းများလည်း ရှိခဲ့သည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လက်ဖြောင့်တပ်သား (Rifleman) ရွေးချယ်လေ့ကျင့်မှုများကို ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့ပြီး လက်ဖြောင့်တပ်သား (Rifleman) များ၏ စစ်မြေပြင် လက်တွေ့ကွင်းဆင်းမှုအနေဖြင့် ဇန်နဝါရီလ ၃ရက်၊နံနက်ပိုင်းက ထိုစစ်ဆင်ရေးဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။