Year: 2023

Loading

အမှုလိုက် ရှေ့နေများအနေဖြင့် တရားခွင်အတွင်းမှာသည်ပင်လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရသည်ဟု အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေများထံက သိရသည်။ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူများကို တရားဥပဒေအရ အကာကွယ်ပေးရန်  ဆောင်ရွက်ပေးနေရသည့်ရှေ့နေများ ကိုယ်တိုင် တရားခွင်အတွင်း ခြိမ်းခြောက်ခံနေရခြင်းဖြစ်ဟု မန္တလေးမြို့တွင် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။ ၎င်းက ” တရားခွင်မှာတောင်…

Read More

Loading

စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ်များကို ခုခံကာကွယ်ရန် ရည်ရွယ်ထားသည့် မီတာ၆၀၀ပစ်လက်နက်ကြီးများကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်ဟု သိရသည်။ ဘီးတပ်လောင်ချာဖြစ်သည့်အတွက် အလွယ်တကူရွှေ့ပြောင်းတိုက်ခိုက်နိုင်ပြီး အင်အားရာချီ ချီတက်လာမည့် စစ်ကောင်စီစစ်ကြောင်းများကို ခုခံတိုက်ခိုက်ရာတွင် အသုံးပြုသွားမည်ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကိုပြောသည်။ “အထိုင်ချထားတဲ့ဟာတွေနဲ့စာရင်တော့ ရွှေ့ရပြုရလွယ်တော့ နေရာမရွေးပစ်နိုင်တာပေါ့ အစပိုင်းမှာတော့ကျွန်တော်တို့ဌာနချုပ်ကိုထိုးစစ်ဆင်လာရင် ခုခံဖို့အတွက်ပါပဲ”ဟု ၎င်းကဆိုသည်။ အဆိုပါလက်နက်ကြီးများ…

Read More

Loading

ယင်းမာပင်မြို့နယ်အတွင်းရှိ နဘူးတောရွာသို့ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်းတက်သမားနှစ်ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။ ယမန်နေ့က ဘန်ဘွေးပျူစောထီးရွာတွင် တစ်နှစ်ကျော်ခန့် အထိုင်ချတပ်စွဲထားသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက အရှေ့ဘက်ရှိ နဘူးတောရွာတောပြင်ကို ဝင်ရောက်လာရာတွင် သေနတ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်းတက်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ရသည်ဟု ရွာခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “ညနေသုံးနာရီလောက်မှာ သေနတ်သံကြားတော့…

Read More

Loading

အာဏာသိမ်းစစ်ကောင်စီတပ်၏ (ခလရ-၂၄) တပ်ရင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက် သော လက်နက်ကြီးထိမှန်ပြီး အရပ်သား (၂)ဦး ထိခိုက်ကာ ကလေးငယ် (၂)ဦးနှင့် နွားတစ် ကောင် သေဆုံးခဲ့သည်ဟု ယနေ့တွင်ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။ ယမန်နေ့ မတ်လ ၈ရက်၊ နံနက် (၇း၄၀)မိနစ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ (ခလရ-၂၄) တပ်ရင်းမှရည်ရွယ်ချက်ရှိရှိ…

Read More

Loading

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က သေနတ်များရမ်းသမ်းပစ်ခတ်၍ ကျေးရွာများအတွင်းဝင်ရောက် စစ်ကြောင်းထိုးလာသော ကြောင့် ပြည်သူ ၁၅၀၀ ကျော်ဘေးလွတ်ရာထွက်ပြေးနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့မတ်လ၉ရက်၊ နံနက်၈နာရီဝန်းကျင်တွင် အင်အား၉၀ ဦးကျော်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်ကောင်စီတပ်စစ်ကြောင်းက သေနတ်များပစ်ဖောက်၍ ကျေးရွာများအတွင်းဝင်ရောက်လာခဲ့သည်။ အဆိုပါစစ်ကြောင်းဝင်ရောက်မှုကြောင့် အောင်ချမ်းစီ၊  ကံကုန်းရွာ၊ ဒုန်းတောရွာ၊ ထနောင်းကုန်း၊ အေးကုန်းရွာအပါအ၀င်…

Read More

Loading

ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်၊ နယ်မြေပေါင်း ၆၉ တွင်သတ်မှတ် စံချိန်ထက် ကျော်လွန်ကာ မီးခိုးမြူမှုန်များထူထပ်ကာလေထုညစ်ညမ်းမှုဖြစ်ပေါ်နေသည်ဟု ထိုင်းနိုင်ငံလေထုအရည်အသွေး၊ အသံနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် မတ်လ၇ ရက်နေ့နံနက် ၅ နာရီမှ ၇ နာရီအတွင်း PM 2.5 လေထုညစ်ညမ်းမှု တိုင်းထွာချက်အရ  ဘန်ကောက်ခရိုင်ခရိုင် ၆၉…

Read More

Loading

မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်းတန်းတူရည်တူအခွင့်အရေးပေးနိုင်ရန်လိုအပ်ပြီး၊ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်လိုအပ်သည်ဟု မြန်မာအမျိုးသမီးများ သမဂ္ဂအဖွဲ့ချုပ်ကတောင်းဆိုသည်။ ယနေ့ မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာဖော်ထုတ်ကြသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊စီးပွားရေး ၊လူမှုရေးများအဘက်ဘက်မှကျဆင်းလာမှုသည် အမျိုးသမီးများကြုံတွေ့နေရသောအခက်ခဲများကို ပိုမိုဆိုးရွားလာစေသည်ဟု…

Read More

Loading

ကရင်နီပြည်( ကယားပြည်နယ်)ရှိ စစ်ကောင်စီတပ် လက်နက်ကြီးစခန်းကုန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တို့မှတိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စခန်းကုန်းရှိ လက်နက်ကြီးများကို သယ်ယူရန် ဆွဲချနေချိန် လေကြောင်းမှအပါအဝင် စစ်ကောင်စီပစ်ကူတပ်များ၏ တိုက်ခိုက်မှုခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ကရင်နီတပ်တော် KA ရဲဘော် ၈ ဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC တာဝန်ရှိသူခူးညေးရယ်က…

Read More

Loading

ယနေ့ မတ်လ ၈ရက်တွင်ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ကို ထိုင်းနိုင်ငံမဲဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအားအမှုဆောင်ဒါရိုက်တာ နန်းမေသန့်ဇင်က ပြောကြားခဲ့သည်။ ထိုနောက် NUGအမျိုးသမီးနှင့်လူငယ်ဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဇာန်နာလှလှစိုးကအမှာစကားပြောကြားပြီး စစ်ဘက်ဆိုင်ရာတာဝန်ထမ်းဆောင်နေသော  ဗမာ့လွတ်မြောက်ရေးတပ်မတော်နိုင်ငံရေးမှူး ရိုးအံ့မင်း နှင့် အမျိုးသမီးအခွင့်အရေးတက်ကြွစွာပါဝင်လှုပ်ရှားသူဆရာမနေခြည်တို့က အမျိုးသမီးနေ့ ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထိုအခမ်းအနားအပြီးတွင် သီချင်းဖြင့်ဖျော်ဖြေပေးခြင်း၊ အထူးသဖြင့် အမျိုးသမီးနှင့်ဆိုင်သောပန်းချီကားချပ်များကိုလည်း ပြသထားသည်။…

Read More

Loading

မုံရွာ-မန္တလေး ကားလမ်း မြေနဲရွာအနီးရှိ စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို၆၀မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ဦး ပွဲချင်းပြီးသေဆုံးသည်ဟု သိရသည်။ ယခုလ မတ်လ၆ရက်၊ ည၁၁နာရီခန့်တွင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို၆၀မမဖြင့် သုံးချက်ပစ်ခတ်ခဲ့ပြီး ၆ဦးပွဲချင်းပြီး သေဆုံးသွားသည်ဟု Monywa Lightning PDF ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ “ညဘက်အိပ်ချိန်ကြီး သွားပစ်တာ…

Read More