ယနေ့ မတ်လ ၈ရက်တွင်ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့ကို ထိုင်းနိုင်ငံမဲဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအားအမှုဆောင်ဒါရိုက်တာ နန်းမေသန့်ဇင်က ပြောကြားခဲ့သည်။
ထိုနောက် NUGအမျိုးသမီးနှင့်လူငယ်ဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဇာန်နာလှလှစိုးကအမှာစကားပြောကြားပြီး စစ်ဘက်ဆိုင်ရာတာဝန်ထမ်းဆောင်နေသော ဗမာ့လွတ်မြောက်ရေးတပ်မတော်နိုင်ငံရေးမှူး ရိုးအံ့မင်း နှင့် အမျိုးသမီးအခွင့်အရေးတက်ကြွစွာပါဝင်လှုပ်ရှားသူဆရာမနေခြည်တို့က အမျိုးသမီးနေ့ ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ထိုအခမ်းအနားအပြီးတွင် သီချင်းဖြင့်ဖျော်ဖြေပေးခြင်း၊ အထူးသဖြင့် အမျိုးသမီးနှင့်ဆိုင်သောပန်းချီကားချပ်များကိုလည်း ပြသထားသည်။
ထို့အပြင် စျေးပွဲတော်နှင့် ရန်ပုံငွေအတွက် ချည်ထိုးအင်္ကျီ၊ ချည်ထိုးလွယ်အိတ်၊ T-Shirts အင်္ကျီနှင့် အခြားမိန်းကလေးအသုံးအဆောင်များကိုရောင်းချခဲ့သည်။
“ဒီဆိုင်တွေကိုဖွင့်ရတဲ့ရည်ရွယ်ချက်က ရန်ပုံငွေအဖြစ်ရောင်းမယ်။ ပီးရင် ရသလောက်ပြန်လှူမှာဖြစ်တယ်” ဟုလုပ်အားပေးအမျိုးသမီးတစ်ဦးကပြောသည်။
နိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၉၇၅ ခုနှစ် မတ်လ ၈ ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂကပြဌာန်းလိုက်ပြီယခုနှစ်၂၀၂၃ မတ်လတွင် ၄၈ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။