Year: 2023

Loading

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော ပြည်ကြီးတံခွန်ဆရာတော်ကိုလူဝတ်လဲကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်PDF ပုံစံ  အယောင်ဆောင် ခိုင်းထားသည်ဟု ပြန်လည်လွတ်မြောက်လာသူက သံလွင်ခက်ကို ပြောသည်။ “ဆရာတော်ကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်တစ်လက် လွယ်ပေးထားတယ်။ ခမောက်ပုံစံမျိုးလည်း ဆောင်းပေးထားတယ်။ နှိပ်စက်တာတော့ မတွေ့ဘူး” ဟု၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့်…

Read More

Loading

ရှမ်း-ကယားနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်က သက်ကြီးပိုင်းနှစ်ဦးနှင့်ကလေးတစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည်ဟု ဖယ်ခုံPDF တပ်ရင်း၂ကယနေ့တွင်သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ တပ်မ၆၆ လက်အောက်ခံတပ်ဖွဲ့ဝင်များသည် ယခုလ မတ်လ၁၂ရက်တွင် မိုးဗြဲအရှေ့ဘက်ကမ်းရှိတောင်ပေါ် စစ်ဘေးရှောင်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့်ကလေးအချို့ကိုဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံ စစ်ဘေးရှောင်များကိုကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော ဖယ်ခုံPDF တပ်ရင်း-၂ ၊ KNDF B-03 ၊URFပူးပေါင်းအဖွဲ့နှင့်…

Read More

Loading

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတိုက်ပွဲတွင် ဦးခေါင်းဒဏ်ရာရရှိသော KNDF ရဲဘော်တစ်ဦးသည် ဆေးကုသမှုခံယူနေစဥ်ကျဆုံးခဲ့သည်ဟု သိရသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B11 တပ်ရင်းမှ ရဲဘော်ဒေါမဏိတုံသည် မတ်လ ၁၂ ရက် ဆောင်းပြောင်းတိုက်ပွဲ၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ” ပြီးခဲ့တဲ့ တစ်နေ့ကတိုက်ပွဲမှာ ခေါင်းထိထားခဲ့တယ်။ ကျွန်တော်တို့ ဆေးရုံမှာ ဆေးကုသမှုပေးခဲ့တာ။…

Read More

Loading

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် ဒေသခံပြည်သူများ အရေးပေါ်ထွက်ပြေးနေကြရာ ရှောင်တိမ်းစရာနေရာအခက်အခဲဖြစ်နေသည်ဟု ကူညီနေသူများထံမှသိရသည်။ ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် ကရင်နီကာကွယ်ရေးပူးပေါင်းတပ်တို့ မတ် ၁၀ ရက်နေ့ကတည်းက နေ့စဥ်တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ ယနေ့ချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကြောင်းများကြား ပိတ်မိနေသည့် ဒေသခံ မိသားစု ၁၀၀၀ စုခန့် ကယ်ထုတ်ပေးရန်…

Read More

Loading

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းဝင်ရောက်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းများပါသိမ်းဆည်းရရှိခဲ့သည်ဟု ဖယ်ခုံ PDF တပ်ရင်း၂က သတင်းထုတ်ပြန်သည်။ ယခုလ မတ်လ၁၁ရက်၊ နံနက်စောစောအချိန်တွင် ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ်များ ခိုးဝင်ရောက်ရှိနေကြောင်း သတင်းရရှိခဲ့၍ ဖယ်ခုံ PKPDF-2 နှင့် မဟာမိတ်အင်အားစုများ တောနင်းရှာဖွေရာနေ့လယ် ၁၀ နာရီခွဲခန့်တွင် ထိတွေ့မှုစဖြစ်ခဲ့သည်။…

Read More

Loading

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တာတိုင်ရွာ ပြည်သူများကို  အစုလိုက်သတ်သွားသည်ဆိုသည့် စစ်​ကောင်စီတပ်စစ်ကြောင်းသည် စစ်ကြောင်းထိုးမှုများဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှသိရသည်။ တပ်မ(၉၉)လက်အောက်ခံဖြစ်သော ထိုစစ်ကြောင်းသည် မတ်လ(၁)ရက်မှ ယနေ့အထိ စစ်ကြောင်းထိုးမှုကြောင့်တာတိုင်ရွာပြည်သူ (၁၇)ဦးနှင့် လက္ကပင်ကျေးရွာရှိ ပြည်သူ(၆)ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူများလည်းရှိ‌နေသေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။အဆိုပါ သေဆုံးသူများတွင် အမျိုးသမီးများလည်းပါဝင်နေသည်။ ထိုစစ်ကြောင်းသည် တာတိုင်ရွာ၌ဒေသခံများကိုအစုလိုက်သတ်ခဲ့ပြီးနောက် မတ်လ(၅)ရက်မှ (၇)ရက်နေ့အထိ…

Read More

Loading

စစ်ကိုင်းတိုင်းဒေသကြီး ၊ မြောင်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်မျက်နှာနှစ်ခု တစ်ပြိုင်တည်းဖွင့်၍စစ်ကြောင်းထိုးဝင်လာသောကြောင့် ပြည်သူ ၁၅၀၀၀ ကျော်အရေးပေါ်ထွက်ပြေးနေရသည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ မတ်လ၁၃ရက်၊ နံနက် ၆နာရီကျော်ကတည်းက စစ်ကောင်စီတပ်က စစ်မျက်နှာ ၂ ခု တစ်ပြိုင်တည်း ဖွင့်ပြီးမြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်တောက်လျှောက် ထိုးစစ်ဆင်နေသည်ဟု မြောင်မြို့နယ် ပြည်သူကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOMက…

Read More

Loading

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ပေါ်၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းကို နှစ်ကြိမ်တိုင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကန်ပက်လက် CDF တာဝန်ခံက သံလွင်ခက်ကိုပြောသည်။ အဆိုပါ စစ်ကောင်စီတပ်စခန်းတွင် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးခန့် ပျူစောထီးတပ်ဖွဲ့ဝင် ၄၀ ဦးကျော်ရှိနေသည်ဟုသိရသည်။ ထိုစခန်းအား ကန်ပက်လက်CDF တပ်ဖွဲ့ဝင်များက ယခုလ မတ်လ ၁၁ ရက်တွင်…

Read More

Loading

“သူတို့ကအော်တယ်။ မလုပ်ပါနဲ့ ။မပစ်ပါနဲ့။ ချမ်းသာပေးပါပေါ့ ။အဲလို ပြောနေတဲ့အချိန်မှာ သေနတ်သံတွေကြားရတာ ” ပင်လောင်းမြို့နယ် နမ်းနိန်းဘုန်ကြီးကျောင်းတွင် ပအိုဝ်းသံဃာတော်များနှင့်ပြည်သူများ သတ်ဖြတ်ခံရသည့်ညတွင် ကြားရသည့်အသံများကို KRU တာဝန်ခံကိုလင်းလင်းက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်း​ပြောင်းဒေသ ၊ နမ်းနိန်းကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁၁ ရက်တွင်…

Read More

Loading

၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် မလေးရှားနိုင်ငံမှ အမျိုးသမီးသရုပ်ဆောင်ဖြစ်သည့် Michelle Yeoh သည် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အဖြစ် အော်စကာဆုရရှိခဲ့သည်ဟု သိရသည်။ Michelle သည် Everything Everywhere All At Once ဇာတ်ကားဖြင့် အဆိုပါဆုကို ရရှိခဲ့ခြင်းပြီး အော်စကာဆုရသည့် ပထမဆုံး  အာရှအမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ အသက်၆၀…

Read More