၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် မလေးရှားနိုင်ငံမှ အမျိုးသမီးသရုပ်ဆောင်ဖြစ်သည့် Michelle Yeoh သည် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အဖြစ် အော်စကာဆုရရှိခဲ့သည်ဟု သိရသည်။
Michelle သည် Everything Everywhere All At Once ဇာတ်ကားဖြင့် အဆိုပါဆုကို ရရှိခဲ့ခြင်းပြီး အော်စကာဆုရသည့် ပထမဆုံး အာရှအမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။
အသက်၆၀ ရှိပြီဖြစ်သည့် မီခေးလ်သည် ၂၀၁၁ခုနှစ်ကထွက်ရှိခဲ့သည့် The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။
လော့စ်အိန်ဂျလီမြို့တွင် ပြုလုပ်ခဲ့သည့် အော်စကာဆုပေးပွဲတွင် Everything Everywhere All At Once ဇာတ်ကားသည် အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ-Reuters