• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»အော်ဟစ်တောင်းပန်သည့်ကြားမှ သံဃာတော်နှင့်ပြည်သူများကိုစစ်ကောင်စီတပ် အစုလိုက်ပစ်သတ်
နေ့စဉ်သတင်း

အော်ဟစ်တောင်းပန်သည့်ကြားမှ သံဃာတော်နှင့်ပြည်သူများကိုစစ်ကောင်စီတပ် အစုလိုက်ပစ်သတ်

thanlwinkhetBy thanlwinkhetMarch 13, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

“သူတို့ကအော်တယ်။ မလုပ်ပါနဲ့ ။မပစ်ပါနဲ့။ ချမ်းသာပေးပါပေါ့ ။အဲလို ပြောနေတဲ့အချိန်မှာ သေနတ်သံတွေကြားရတာ “

ပင်လောင်းမြို့နယ် နမ်းနိန်းဘုန်ကြီးကျောင်းတွင် ပအိုဝ်းသံဃာတော်များနှင့်ပြည်သူများ သတ်ဖြတ်ခံရသည့်ညတွင် ကြားရသည့်အသံများကို KRU တာဝန်ခံကိုလင်းလင်းက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်း​ပြောင်းဒေသ ၊ နမ်းနိန်းကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁၁ ရက်တွင် ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးပြီးဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသော သံဃာတော်များနှင့် စစ်ဘေးရှောင်များကို ဖမ်းဆီး၍ ညပိုင်းတွင်ဖြတ်သတ်ခဲ့ခြင်းဖြစ်သည်။

” ညဘက် ၇ နာရီခွဲ၊ ၈ နာရီလောက်မှာ အသံတွေစကြားရတာ ။ အဲ့ဘုန်းကြီးကျောင်းနဲ့ မနီးမဝေးတစ်နေရာမှာကျွန်တော်တို့ကရှိနေတာ ။ လူအဲလောက်အများကြီးကို ပစ်သတ်မယ်လို့ မထင်ထားဘူး။ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှပဲ အပြုံလိုက်ပစ်သတ်ထားတာတွေ့တာပေါ့ ” ဟု ကိုလင်းလင်းကပြောသည်။

စစ်ကောင်စီတပ်များသည် ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်နှင့်စစ်ဘေးရှောင်ပြည်သူများကိုသတ်ဖြတ်ပြီးနောက် နောက်နေ့ နံနက်ပိုင်းတွင်တပ်ပြန်ဆုတ်သွားခဲ့သည်။

ထို့နောက် ကာကွယ်ရေးမဟာမိတ်တပ်များက နယ်မြေရှင်းလင်းရေးများပြုလုပ်ခဲ့ရာတွင် ဘုန်းကြီးကျောင်းဘေးတွင် သေနတ်များဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးနေသည့် သံဃာ၃ ပါး၊ အမျိုးသား ၁၈ ဦးနှင့်အမျိုးသမီးတစ်ဦး တို့၏အလောင်းများကို တွေ့ရှိခဲ့ရသည်။

” တစ်နေရာထဲမှာ ကျွန်တော်တို့တွေ့တာက ၂၂ လောင်းပေါ့ ။ အဲအလောင်းတွေကို သယ်ပြီးတော့ မနေ့ကပဲကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်တယ် “ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တာဝန်ခံ ကိုလင်းလင်းကပြောသည်။

နမ်းနိန်းရွာကိုစစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ချိန်တွင် ဘုန်းကြီးကျောင်း၌ အစုလိုက်သတ်ဖြတ်ခံရမှုအပြင်  အခြားနေရာများတွင်လည်း ပြည်သူအလောင်း ၇ လောင်းထပ်မံတွေရှိရသဖြင့် ပြည်သူ ၃၀ ဦးဝန်းကျင်အထိသတ်ဖြတ်ခံလိုက်ရသည်ဟု ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် PNDF-KK တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။

သတ်ဖြတ်ခံလိုက်ရသည့် ပြည်သူများသည် ပအိုဝ်းတိုင်းရင်များ အများစုဖြစ်ပြီး စစ်ကြောင်းထိုးလာချိန်ဘုန်းကြီးကျောင်းတွင် ရှောင်ပုန်းနေသူများဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည် ။

ဆောင်းပြောင်းဒေသတွင် ပြီးခဲ့သည့်ဖေဖော်ဝါလ နောက်ဆုံးအပတ်ကတည်းကဖြစ်ပွားနေခဲ့သော တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာရှောင်တိမ်းနေပြီး ကျေးရွာ၌ အနည်းငယ်ကျန်ခဲ့သော ဒေသခံများမှာဘုန်းကြီးကျောင်း၌ ပုန်းရှောင်နေစဥ် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု PNDF-KK တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။

ဘုန်းကြီးကျောင်းတွင် အစုလိုက်သတ်ဖြတ်ခံလိုက်ရသည့် ဒေသခံများ၏ အလောင်းဘေးတွင် လက်လုပ်သေနတ်များဖြင့် ရိုက်ထားသည့်ပုံများကို  စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် ဦးစွာဖော်ပြထားကြပြီး PDF ၂၀ ဦးကျော်ကို စစ်ကောင်စီတပ်က ရှင်းလင်းနိုင်ခဲ့သည်ဟု ရေးသားထားကြသည်။

ပုံစာ–မတ်လ ၁၁ ရက်တွင် နမ်းနိန်းကျေးရွာကိုစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့ဖူးသည့် Michelle Yeoh အော်စကာဆုရ
Next Article စစ်ကောင်စီတပ် အထိုင်စခန်းကို ကန်ပက်လက်CDF ဝင်ရောက်တိုက်ခိုက်
thanlwinkhet
  • Website

Related Posts

ဂွတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံး

December 22, 2025

CDM ဆရာမနှင့် ခင်ပွန်းကို သတ်ခဲ့သည့် ထွက်ပြေးအကျဉ်းသား ၄ ဦးကို ပြန်ဖမ်းမိ

December 22, 2025

မိုးကုတ်မြို့အား ကာကွယ်ရန် တပ်ဖွဲ့ဝင်များအား မိုးကုတ်ဗျူဟာမှ ဖိတ်ခေါ်

October 31, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.