Year: 2023

Loading

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်FIFA နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း၏ ကစားသမား ၂၄ ဦးစာရင်းကို ယနေ့တွင် MFFက ထုတ်ပြန်ကြေညာခဲ့ရာ  အောင်သူပါဝင်လာခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်း၏ နာမည်ကြီးတိုက်စစ်ကစားသမားအောင်သူသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ နိုင်ငံလက်ရွေးစင်အသင်းတွင်ပါဝင်ကစားခဲ့ခြင်းမရှိခဲ့ဘဲ ယခုမှအသင်းလူစာရင်းတွင်ပါဝင်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌   ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဖလားခြေစစ်ပွဲနှင့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတို့တွင်…

Read More

Loading

ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ အလုပ်သမားအခွင့်အရေးအပြည့်အဝ မရရှိဟုအလုပ်သမားအရေး ကူညီသူများက သံလွင်ခက်ကို ပြောသည်။ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားရေးကူညီသူအဖွဲ့များထံ အကူညီတောင်းခံ‌မှုများမှာလည်း နေ့တိုင်းနီးပါးရှိသည်ဟု အလုပ်သမားရေး ကူညီသူများကပြောသည်။ ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီသူ AAC အဖွဲ့မှ ကိုရဲမင်းက “အဓိကအတိုင်များတာကတော့ လုပ်ငန်းခွင်တွင်းဖိနှိပ်မှု၊အထောက်ထားကတ်တွေကို သိမ်းဆည်းထားပြီး လုပ်ခလစာအပြည့်ဝမပေးဘဲ အချိန်ပိုဆင်းခိုင်းတာတွေ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုဖြစ်ရင်…

Read More

Loading

ကယား(ကရင်နီ) ပြည်နယ်၊ ဒီမော့ဆို မြို့နယ်အတွင်းက စစ်ဘေးရှောင် ကလေးများ အရေပြားရောဂါဖြစ်ပွါးနေသည်ဟု စစ်ဘေးရှောင် ကူညီသူများကပြောသည်။ စစ်ရှောင်ပြည်သူဦးရေများပြားပြီး ရေရှားပါးမှုပြဿနာများနှင့် ကြုံတွေ့နေရသောကြောင့် အရေပြားရောဂါခံစားရခြင်းဖြစ်နိုင်သည်ဟု ကူညီသူများက သုံးသပ်သည်။ ဒီမော့ဆိုအရှေ့ခြမ်း ဒေါတမကြီးအုပ်စုရှိကျေးရွာများမှ ကလေးဆယ်ဂဏန်းခန့် ယင်းသို့ဖြစ်ပွားနေခြင်းဖြစ်သည်။ လတ်တလောတွင် စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးပစ္စည်းလိုအပ်ချက်များကြောင့် အနာများကို မှင်ရည်တို့ထားကာ ဆေးလိမ်းခြင်းနှင့် ဆေးကြောသန့်စင်ခြင်း…

Read More

Loading

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်နှင့်ပလက်ဝမြို့နယ်တို့၌ ယခုလအတွင်းတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနေသည်ဟု သက်ဆိုင်ရာ CDF အဖွဲ့အသီးသီးထံမှ သိရသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလမှစ၍ ချင်းပြည်နယ်၊ မတူပီမြို့၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု မတူပီ CDF ကထုတ်ပြန်သည်။ ထို့ပြင် စစ်ကောင်စီတပ်များသည် ထယ်ဘွေးတပ်စခန်းမှမတူပီမြို့ပေါ်သို့ မတူပီ-ပလက်ဝလမ်းအတိုင်းပြန်လည်ထွက်ခွာပြီးဖြစ်ရာ မတူပီ-ပလက်ဝလမ်းနှင့် မတူပီ-ဘွေရားလမ်းများကို…

Read More

Loading

ပခုက္ကူမြို့မှ ထွက်လာသော စစ်ကောင်စီတပ် ရိက္ခာကားအစီး ၈၀ ဝန်းကျင်ခန့်နှင့်အတူ အင်အား ၅၀၀ ခန့်ပါစစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်သေဆုံးခဲ့သည်ဟုကျောက်ထုPDFက ယနေ့တွင်သတင်းထုတ်ပြန်သည်။ အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းသည် ယခုလမတ်လ၁၂ရက်၊ညနေပိုင်းတွင် ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိညအိပ်ကြပြီး ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တပြင်းကျေးရွာမှ ကျောက်ထုဘက်သို့ စတင်ထွက်ခွာခဲ့သည်။ ထိုသို့ထွက်ခွာလာစဥ်…

Read More

Loading

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့က  မြောင်မြို့နယ် မင်းတန်းကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက် တွေ့၍ အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ မင်းတန်းရွာမှ နဂါးပေါက်ရွာသို့ စစ်ဘေးရှောင်ရန်သွားနေစဉ် အသက် ၇၀ အရွယ်ရှိ မင်းတန်းရွာသား ဦးသန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခဲ့ခြင်းဖြစ်သည်ဟု မြောင်မြို့နယ်အခြေစိုက်…

Read More

Loading

ဖေဖော်ဝါရီ ၁ရက်မှ မတ် ၁၄ ရက်အထိ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားသည့် ပါတီ ၂၃ ပါတီရှိလာပြီဖြစ်သည်ဟု သိရသည်။ မတ်လ၁၄ရက်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၆ပါတီရှိပြီးနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ ၁၇ ပါတီရှိသည့်အတွက် လာရောက် လျှောက်ထားသည့်…

Read More

Loading

ကျဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်PDF များရေးထားသည့် ကဗျာများပါဝင်သည့် နွေဦးပန်းစာစောင် ထုတ်ကာရောင်းချမည်ဟု ထုတ်ဝေရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ( ၁ ) အတွင်းစစ်သင်တန်းကာလတွင် PDFရဲဘော်များက အမှတ်တရ ရေးခဲ့ကြခြင်းဖြစ်သည်။ “PDF စစ်သင်တန်းကျောင်း၊ သင်တန်းသား ၁၁၁ယောက်နဲ့ သင်တန်း…

Read More

Loading

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း၌တိုက်ပွဲများပြင်းထန်နေမှုနှင့် ချင်းတောင်တန်းဘက်စစ်အင်အားတိုးချဲ့လာမှုကြောင့် လမ်းမကြီးသုံးခုအား အသုံးမပြုကြရန် မတူပီ CDF က ယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်သည်။ ပြီးခဲ့သော ဖေဖော်ဝါရီလမှစ၍ ချင်းပြည်နယ်၊ မတူပီမြို့၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီတပ်များသည် ထယ်ဘွေးတပ်စခန်းမှမတူပီမြို့ပေါ်သို့ မတူပီ-ပလက်ဝလမ်းအတိုင်းပြန်လည်ထွက်ခွာပြီးဖြစ်ရာ မတူပီ-ပလက်ဝလမ်းနှင့် မတူပီ-ဘွေရားလမ်းများကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ခွင့်ပြုချက်မပါဘဲ အသုံးမပြုကြရန်သတိပေးထားသည်။ ထို့ပြင်စစ်ကောင်စီတပ်သည်…

Read More

Loading

ရက်ပေါင်း ၂၀ ကျော်ကြာအထိတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွင်း၌ MOEBYE PDF-2 တပ်ရင်းမှ ရဲဘော်ဆန်းဦးကျဆုံးခဲ့သည်ဟု သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အစပ်သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်PNO/PNA စစ်ကြောင်းကို ကာကွယ်ရေးမဟာမိတ်တပ်များပူးပေါင်းခုခံတိုက်နေရာ ပြီးခဲ့သော ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင်းမှစ၍ ယမန်နေ့ မတ်လ ၁၄ရက်အထိတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မတ်လ ၁၂ ရက် ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှသာလွန်လက်နက်အင်အားဖြင့်ပစ်ခတ်သောကြောင့်…

Read More