စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာကို ယနေ့နံနက် ၂ နာရီခွဲခန့်က ဒေသခံကာကွယ်ရေးစုပေါင်းတပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးသည်ဟုတပ်ဖွဲ့ဝင်များကပြောသည်။ တန့်ဆည်မြို့နှင့် နှစ်မိုင်ခန့်သာဝေးသည့် ဆင်ငယ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်သ ည်မှာ သုံးလခန့်ရှိပြီဖြစ်ပြီး ဒေသခံအချို့ကိုလည်း စစ်သင်တန်းပေး၍ ပျူစောထီးဖွဲ့ကာ လက်နက်များတပ်ဆင်ပေးထားသည်ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။…