မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးကို စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဌာန လမ်း ညွှန်မှုဖြင့် လုံခြုံရေး တင်းကြပ်ထားသည်ဟု အကျဉ်း ထောင်နှင့် နီးစပ်သူများကပြောသည်။ ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင်မှူး ဦးဆောင်သည့် ထောင်အာဏာပိုင်များက ရိုက်နှက်မှုများကြာင့် ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းတွင် ပုသိမ်ထောင်တွင်းဆန္ဒပြမှုများ ဖြစ်ပွါးခဲ့သည်။…