ချင်းပြည်နယ်နှင့်အိန္ဒိယနယ်စပ်အနီးရှိ ချင်းအမျိုးသားတပ်ဦး CNA/F ဌာနချုပ်တည်ရှိရာ Camp Victoria ကို စစ်ကောင်စီက တိုက်လေယာဥ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာ CNA/Fတပ်ဖွဲ့ဝင် ၅ဦးကျဆုံးခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ရက် မြန်မာစံတော်ချိန် ၄နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်၅ စီးဖြင့်အဆိုပါဌာနချုပ်နေရာအား အလစ်လာရောက်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်ဦးတပ်ဖွဲ့ဝင်၅ဦးကျဆုံး၍ ကြဲချခဲ့သောဗုံးများအနက်တစ်လုံးသည်အိန္ဒိယနိုင်ငံနယ်နမိတ်အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီICNCC က ဖော်ပြထားသည်။
ကျဆုံးခဲ့သည့်တပ်ဖွဲ့ဝင်များတွင် ချင်းအမျိုးသား၃ဦးနှင့် ချင်းအမျိုးသမီး၂ဦးတို့ပါဝင်ပြီး ဆလိုင်းဗန်ရိုပြန်၊ မိုင်ငွန်လှေပါရ်၊ မိုင်ရွှေလဲန်ပါရ်၊ ဆလိုင်းဒုသင်နှင့် ဆလိုင်းကီလ်မန် တို့ဖြစ်သည်ဟု ဒေသခံသတင်းအရင်းအမြစ် The Chin Journalက ဖော်ပြထားသည်။
ပုံစာ–လေကြောင်းတိုက်ခိုက်ခံရမှု၌ ကျဆုံးခဲ့သည့် ချင်းအမျိုးသားတပ်ဦး တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ-The Chin Journal