စစ်ကောင်စီတပ်၏ ညအချိန်လက်နက်ကြီးဖြင့်ပစ်ခတ်မှုသည် မိုးဗြဲမြို့ရပ်ကွက် လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အဘိုးတစ်ဦးထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ယမန်နေ့ဇန်နဝါရီလ၈ရက်၊ ၉ နာရီခန့်တွင် စစ်ကော
င်စီ၏ ၄၂၂ တပ်မှ မိုးဗြဲမြို့ရပ်ကွက် များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်။ ခဲ့ရာ ပွဲကုန်း၁ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်၆၆ နှစ်အရွယ်ဦးလျိုပန်သေဆုံးခဲ့သည်ဟု မိုးဗြဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
” သူတို့လှုပ်ရှားမှုက နေရာတိုင်းမှာရှိတယ်။ မိုးဗြဲအဝင်မှာရော မြို့ထဲမှာပါ ကင်းထောက်တွေရှိတယ်။ ထိတွေ့မှုက အခုရက်ပိုင်းတွေမှာမရှိပါဘူး။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပဲ ရှိနေတာပါ”ဟု မိုးဗြဲPDF ပြန်ကြားရေးတာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
ရှမ်း-ကယားနယ်စပ်မိုးဗြဲတွင် ထိတွေ့မှုများမဖြစ်ပွားပဲငြိမ်သက်နေသည်မှာ အချိန်၂ နီးပါးရှိလာပြီးနောက် ယခုလ ၅ရက်မှစ၍ စစ်ကောင်စီတပ်က လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်လာသည်ဟု မိုးဗြဲPDF က ဖော်ပြထားသည်။
ဇန်နဝါရီလ ၅ရက်၊ ည၉နာရီခန့်မှ ၆ရက်နေ့နံနက် ၆နာရီဝန်းကျင်အချိန်ထိ ဝါရီဆူးဖလိုင် ကျေးရွာရှိစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်များအတွင်းကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု သိရသည်။