Year: 2023

Loading

သံတွဲမြို့ကို စစ်ကောင်စီက အသွားအလာကန့်သတ် **************** သံလွင်ခက် ဇန်နဝါရီ ၂၀၊၂၀၂၃။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာများကို စစ်ကောင်စီတပ်နှင့် ရဲဝန်ထမ်းများ လုံခြုံရေးနေရာ ယူထားပြီး မြို့တွင်းလမ်းတချို့ကိုလည်း အသွားအလာကန့်သတ်ထားသည်ဟု မြို့ခံများက ပြောသည်။ ထို့ပြင် လေယာဉ်ကွင်းဆင်းလမ်းများနှင့် မြို့အဝင်အထွက် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် နေရာယူထားသည်ဟု မြို့ခံတစ်ဦးက…

Read More

Loading

အလုပ်သမားရပိုင်ခွင့် ဦးဆောင်တောင်းဆိုသူ ၄ ဦး အလုပ်ထုတ်ခံရသဖြင့် ကျန်အလုပ်သမားများ အလုပ်မဆင်းဘဲ ထိုင်းလုပ်ငန်ရှင်အား ဆန္ဒပြ ************************** ဇန်နဝါရီ ၂၀ ၊ ၂၀၂၃ ။ ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်ရှိ စက်ရုံတစ်ရုံတွင် အလုပ်သမားရပိုင်ခွင့်များကို ဦးဆောင်တောင်းဆိုသည့် မြန်မာအလုပ်သမား ၄ ဦးကို အလုပ်ထုတ်လိုက်သဖြင့် ကျန်မြန်မာအလုပ်သမားများက အလုပ်မဆင်းဘဲ…

Read More

Loading

ပဲခူးမြို့တွင် စစ်ကောင်စီသတင်းပေးတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ ရှင်းလင်း ********************* ဇန်နဝါရီ ၂၀၊ ၂၀၂၃။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် စစ်ကောင်စီသတင်းပေးတစ်ဦးကို ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် ပဲခူးအခြေစိုက် ပြည်သူ့ကာကွယ်ရေးသိန်းငှက်တပ်ဖွဲ့မှ ရှင်းလင်းခဲ့သည်ဟု သိရသည်။ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက် ဥသာသီရိ ၇ လမ်းတွင် နေထိုင်သည့် ရဲ သတင်းပေး…

Read More

Loading

ဗိုလ်အယ်ဆေးဝါးစစ်ကြောင်းကို ကရင်ပြည်သူတစ်ဦးက လက်နက် ၄ လက်ထောက်ပံ့ပေး ***************************** ဇန်နဝါရီ ၁၉ ၊ ၂၀၂၃ ။ ကော်သူးလေအာမီ Lion ကွန်မန်ဒိုဗျူဟာစစ်ကြောင်းမှူး ဗိုလ်အယ်ဆေးဝါးထံ ကရင်ပြည်သူတစ်ဦးက လက်နက် ၄ လက် ကူညီထောက်ပံ့ခဲ့သည်ဟု ယနေ့တွင် ဗိုလ်အယ်ဆေးဝါးက ဖော်ပြထားသည်။ ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် Lion…

Read More

Loading

လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ်ကလေးတစ်ဦးဒဏ်ရာရ၊ ပြည်သူ ၂၅၀၀ကျော် ထွက်ပြေးတိမ်းရှောင်ရ ******************************** ဇန်နဝါရီ ၁၉၊ ၂၀၂၃။ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဂေါ်ဒဲကျေးရွာရှိ ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ဒဏ်ရာရပြီး ဒေသခံပြည်သူ ၂၅၀၀ ဦးကျော် ထွက်ပြေးတိမ်းရှောင်ရသည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်…

Read More

Loading

ရေးမြို့နှင့် ၂ မိုင်အကွာ ကျုံလောင်းရွာကို ရေးဘီလူးအဖွဲ့ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးပြုလုပ် ******************************* ဇန်နဝါရီ ၁၉ ၊ ၂၀၂၃ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျုံလောင်းရွာဟောင်းကို ထိန်းချုပ်ထားပြီး ယနေ့နံနက်ပိုင်း၌ နယ်မြေရှင်းလင်းရေးများ စတင်ပြုလုပ်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကို ပြောသည်။ ရေးမြို့နှင့် ၂မိုင်ခန့်ဝေးသည့် ကျုံလောင်းကျေးရွာဟောင်းကို ရေးဘီလူးအဖွဲ့က…

Read More

Loading

ရွှေဆိုင်များတွင် တုတ်၊ ဓား ဆောင်ရန် ပန်းဘဲတန်းရဲမှူး တိုက်တွန်း **************** ဇန်နဝါရီ ၁၉၊ ၂၀၂၃။ ရန်ကုန်မြို့က ရွှေဆိုင်များတွင် လုံခြုံရေးအတွက် CCTV များတပ်ဆင်ထားသလို တုတ်၊ ဓား များ ဆောင်ထားကြရန် ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးဇော်မင်းဦးက တိုက်တွန်း ပြောဆိုသည်။ စစ်ကောင်စီလက်အောက်ခံ ရဲမှူးဇော်မင်းဦးက “…

Read More

Loading

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ၂၀ ကျော် သေဆုံး၊ ဒဏ်ရာရ ************************** ဇန်နဝါရီ ၁၉၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးပြီး နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့သည်ဟု ယင်းဒေသခံများက သံလွင်ခက်ကို ပြောသည်။ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ…

Read More

Loading

ထိုင်းရောက် သက်တမ်းကုန် MOU လုပ်သားများ သက်တမ်းတိုးခွင့်မရ၍ အခက်ကြုံနေရ ****************************** ဇန်နဝါရီ ၁၈ ၊ ၂၀၂၃ ။ ထိုင်းနိုင်ငံ၌ MOU ဖြင့် တရားဝင် လာရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများတချို့ သက်တမ်းကုန်ဆုံးချိန်၌ သက်တမ်းတိုးခွင့်မရဘဲအလုပ်ပါထုတ်ပစ်ခံနေရသောကြောင့် သက်တမ်းကုန်ဆုံးနေသည့် အလုပ်သမားအများစုမှာ စိုးရိမ်နေရသည်ဟု သိရသည်။ ထိုင်နိုင်ငံ မဟာချိုင်ရှိစက်ရုံတစ်ခုတွင်…

Read More

Loading

တစ်ပတ်အတွင်း နေအိမ် ၁၅၀ ခန့် မီးရှို့ခံရ ************************** သံလွင်ခက်။ ဇန်နဝါရီ ၁၈ ၊ ၂၀၂၃။ တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှ နေအိမ် ၁၅၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။…

Read More