• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ်ကလေးတစ်ဦးဒဏ်ရာရ၊ ပြည်သူ ၂၅၀၀ကျော် ထွက်ပြေးတိမ်းရှောင်ရ
နေ့စဉ်သတင်း

လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ်ကလေးတစ်ဦးဒဏ်ရာရ၊ ပြည်သူ ၂၅၀၀ကျော် ထွက်ပြေးတိမ်းရှောင်ရ

thanlwinkhetBy thanlwinkhetJanuary 19, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ်ကလေးတစ်ဦးဒဏ်ရာရ၊ ပြည်သူ ၂၅၀၀ကျော် ထွက်ပြေးတိမ်းရှောင်ရ
********************************

ဇန်နဝါရီ ၁၉၊ ၂၀၂၃။

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဂေါ်ဒဲကျေးရွာရှိ ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ဒဏ်ရာရပြီး ဒေသခံပြည်သူ ၂၅၀၀ ဦးကျော် ထွက်ပြေးတိမ်းရှောင်ရသည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ကျောက်ကြီးမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလ ၃ရက်မှ ၁၇ရက်အထိ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်များမှ အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာများတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

လက်နက်ကြီးပစ်ခတ်သည့် စစ်ကောင်စီတပ်များမှာ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်တွင် တပ်စွဲထားသော ခလရ-၁၂၄၊ ခလရ-၆၀၊ ခမရ-၃၅၁နှင့် ခမရ-၄၃၉ တို့ဖြစ်ပြီး ရွာပေါင်း ၈ ရွာကို လက်နက်ကြီး ၃၁ လုံးခန့် ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၂ လုံးပျက်စီးခဲ့သည်ဟု ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဂေါ်ဒဲကျေးရွာရှိ အသက် ၁၆ နှစ်အရွယ် နော်စုမေဖောမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ ၂၅၆၆ ဦးကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သာနှစ် နိုဝင်ဘာလကုန်ပိုင်း၌လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်းရှိကျေးရွာ ၃ ရွာမှ နေအိမ် ၈ လုံးပျက်စီးခဲ့ပြီး ဆေးခန်း ၃ လုံးပျက်စီးခဲ့သည်။ ထို့ပြင်၁၀ နှစ်အောက်ကလေး ၁ ဦးနှင့် အသက် ၆၀ အရွယ်လူကြီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီအာဏာသိမ်းကာလတွင် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူ သုံးသိန်းကျော်အထိ စစ်ဘေးရှောင်နေကြရပြီး တစ်သိန်းကျော်မှာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင်လည်း ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးပြင်းထန်နေသည်ဟု ဒေသခံများထံမှသိရသည်။

ပုံစာ – စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleရေးမြို့နှင့် ၂ မိုင်အကွာ ကျုံလောင်းရွာကို ရေးဘီလူးအဖွဲ့ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးပြုလုပ်
Next Article ဗိုလ်အယ်ဆေးဝါးစစ်ကြောင်းကို ကရင်ပြည်သူတစ်ဦးက လက်နက် ၄ လက်ထောက်ပံ့ပေး
thanlwinkhet
  • Website

Related Posts

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

Leave A Reply Cancel Reply

Recent Posts

  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

June 18, 2025

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

June 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.