ပဲခူးမြို့တွင် စစ်ကောင်စီသတင်းပေးတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ ရှင်းလင်း
*********************
ဇန်နဝါရီ ၂၀၊ ၂၀၂၃။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် စစ်ကောင်စီသတင်းပေးတစ်ဦးကို ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် ပဲခူးအခြေစိုက် ပြည်သူ့ကာကွယ်ရေးသိန်းငှက်တပ်ဖွဲ့မှ ရှင်းလင်းခဲ့သည်ဟု သိရသည်။
ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက် ဥသာသီရိ ၇ လမ်းတွင် နေထိုင်သည့် ရဲ သတင်းပေး အောင်ငြိမ်းအားအစည်းဝေးမှအပြန်နန်းတော်ရာ ၁၃ လမ်းထိပ်တွင် သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ပဲခူးအခြေစိုက် ပြည်သူ့ကာကွယ်ရေးသိန်းငှက်တပ်ဖွဲ့တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
” အောင်ငြိမ်းက ရပ်ကွက်နေ ဆိုးသွမ်းလူငယ်များအား စုစည်းကာ ခေါင်းဆောင်လုပ်ပြီး စစ်ကောင်စီသတင်းပေး အမာခံဖြစ်လို့ သေနတ်ဖြင့်ရှင်းလင်းခဲ့တာ ” ဟု ၎င်းက ပြောသည်။
အောင်ငြိမ်းသည် စစ်ကောင်စီခန့်အပ် နန်းတော်ရာအုပ်ချုပ်ရေးမှုး၏ လက်အောက်ခံဖြစ်ပြီး ရပ်ကွက်နေလူအချို့ကို စုစည်းကာ ခေါင်းဆောင်လုပ်၍ စစ်ကောင်စီကို သတင်းပေးပြုလုပ်နေသူဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် အောင်ငြိမ်းအား ပြည်သူ့ကာကွယ်ရေးသိမ်းငှက်တပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ်ရှိ လူငယ်များအနေဖြင့်လည်း စစ်ကောင်စီနှင့် ဆက်လက်ပက်သက်နေမည်ဆိုပါက ၎င်းနည်းတူ ဆက်လက် ရှင်းလင်းသွားမည်ဖြစ်သည်ဟု အဆိုပါတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။