ချင်းပြည်နယ် ၊ ထန်တလန်မြို့ရှိ ရဲစခန်းကို CNA နှင့်CDF တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ရာ စခန်းကိုသိမ်းပိုက်နိုင်ပြီးလက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ အဆိုပါရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ကို ယနေ့ နံနက်အစောပိုင်း၌သိရခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်းတွင်လည်း စစ်ကောင်စီတပ်ကလေကြောင်းမှ ထန်တလန်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CDF တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက သံလွင်ခက်ကို ပြောသည်။ ထန်တလန်မြို့ရဲစခန်းအား ချင်းအမျိုးသားတပ်ဦး CNF/A နှင့်…