စစ်ကိုင်းတိုင်းကငလျင်ဒဏ်ခံစားရသည့်ပြည်သူများအတွက် ရေ၊ အာဟာရပြည့်ဝသည့်အစားအစာများ၊ ခြင်ထောင်၊ မိုးကာ၊ ယာယီတဲ၊ ခြင်ဆေး၊ မြွေအဆိပ်ဖြေဆေးများ လိုအပ်သည်ဟု ဒေသအတွင်း ကူညီကယ်ဆယ်ရေးလုပ်နေ သူများမှ ပြောသည်။ ထိုအပြင် မြန်မာနိုင်ငံတွင် မုန်တိုင်းကျရောက်နိုင်ခြေရှိသည်ဟု ကြေညာထားခြင်းကြောင့် ကားလမ်းမပေါ်နှင့် ကွင်းပြင်များတွင် အမိုးအကာမဲ့ အိပ်စက်နေရသူများမှာ မိုးကာများနှင့် ယာယီတဲများ လိုအပ်နေသည်ဟု သိရသည်။ “မိုးရွာပြီးမုန်တိုင်းလာဖို့ဖြစ်နေတော့လှုမဲ့ဟာတွေထဲကလေဆေးတွေမလိုတော့ဘူး။ညီမလေးတို့ဆိုဘောလုံးကွင်းထဲအိပ်ရတယ်။…