မန္တလေးတိုင်းအတွင်းမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ တရုတ်နိုင်ငံ၊ ရုရှားနှင့် အိန္ဒိယနိုင်ငံမှ ရှာဖွေကယ် ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူ စုစုပေါင်း ၄၀၃ ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု သတင်းရရှိသည်။
ဒါ့အပြင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၅၉ ဦး၏ ရုပ်အလောင်းများကိုလည်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်များမှ ပူးပေါင်းရှာဖွေနိုင်ခဲ့သည်ဟု သိရသည်။
မတ်လ ၃၁ ရက်တွင်လည်း ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူ အမျိုးသမီး ငါးဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၁ ဦးတို့၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
လက်ရှိအချိန်အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၀၅၆ ဦး၊ ဒဏ်ရာရရှိသူ ၃၉၀၀ ကျော်နှင့် ပျောက်ဆုံးသူ ၂၇၀ ကျော်အထိရှိသည်ဟု စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။
ပုံစာ – ငလျင်ဒဏ်ကြောင့် ပိတ်မိနေသူများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် နိုင်ငံတကာရှာဖွေကယ်ဆေးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ )









