အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ လော့စ်အိန်ဂျယ်လိစ်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ (Los Angeles County Search and Rescue) သည် ထိုင်းနိုင်ငံရှိ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သောစာရင်းစစ် အဆောက်အဦပြိုကျမှုနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများစတင်ခဲ့သည်။
အဆိုပါကယ်ဆယ်ရေးအဖွဲ့သည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်ဒေသအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် တာဝန်ယူလုပ်ဆောင်နေသောအဖွဲ့ဖြစ်ပြီး ငလျင်၊ ရေကြီးမှု၊ မီးလောင်မှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၊ တောတောင်ထဲ ပျောက်ဆုံးမှုများနှင့် အခြားအရေးပေါ်အခြေအနေများအတွက် အထူးဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်ဟု ထိုင်းသတင်းဌာန The Standard တွင် ရေးသားဖော်ပြထားသည်။
အဆိုပါအဖွဲ့တွင် အထူးလေ့ကျင့်ထားသော စေတနာ့ဝန်ထမ်း ၇ ဦးပါဝင်ပြီး ၃၀ ထပ်မြင့်သည့် ပြိုကျအဆောက်အဦအောက်တွင် ပိတ်မိနေသူများကို ယနေ့ ပထမဆုံးနေ့အဖြစ် ရှာဖွေကယ်ဆယ်ရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်။
ကိုးကား – The Standard
ဓါတ်ပုံ – ศวิตา พูลเสถียร








