ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာတွင် ငလျင်လှုပ်ပြီးနောက် အနက်ပေ ၁၀၀ ကျော်ရှိသည့် ကျင်းကြီးဖြစ်ပေါ်လာကြောင်း ဒေသခံများက ပြောသည်။
ငလျင်လှုပ်ပြီးနောက် ညနေ ၃ နာရီခန့်တွင် မြေကြီးများအက်ကွဲပြိုကျကာ ပေ ၁၀၀ ခန့်ရှိသော အင်ပင်မှာ ကျွံဝင်သွားသည်ဟု ကရင်နီပြည်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သော Karenni People’s Voice တွင် ဖော်ပြထားသည်။
အဆိုပါ ကျင်းကြီးမှာ ယနေ့ ဧပြီလ ၁ ရက်ညနေပိုင်းအချိန်ထိ ဆက်လက်တိုက်စားပြိုကျနေဆဲဖြစ်သည်ဟု ရေးသားထားသည်။
ကိုးကား – Karenni People’s Voice
ဓါတ်ပုံ – သံလွင်ခက်






