Browsing: ပင်မစာမျက်နှာ

Loading

ခင်သရဖီဦး/ဖေဖော်ဝါရီ ၂၇။ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့အကြား ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ ယနေ့အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့နယ်ရှိ တောကန်ကျေးရွာနှင့် ဝါဘိုကျေးရွာ အနီးတစ်ဝိုက်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ရှိနေခြင်းဖြစ်သည်ဟု…

Read More

Loading

နှောင်း/ဖေဖော်ဝါရီ ၂၇။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ နဘူးအိုင်-မြို့သာ လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်တပ်က အင်အားသုံး စစ်ကြောင်းထိုးလျက်ရှိရာ အဆိုပါ စစ်ကြောင်းထိုးမှုအတွင်း ဒေသခံအမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။ ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ စစ်ကော်မရှင်တပ်သည် လမ်းပိုင်းပေါ်ရှိ ညောင်ဝန်းရွာနှင့် သက္ကယ်ကျင်းရွာများကို ဝင်ရောက်စီးနင်းခဲ့ပြီး…

Read More

Loading

သံလွင်ခက်/ဖေဖော်ဝါရီ ၂၇။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ အမှတ် ၁ စစ်ဒေသ၊ ဗျူဟာအမှတ် ၄၇ တပ်စခန်းကို စစ်တပ်က လေကြောင်းအင်အား အလုံးအရင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များနှင့် လက်နက်ခဲယမ်းများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု ဗျူဟာ ၄၇ က ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁…

Read More

Loading

နှောင်း မွန်အမျိုးသမီးများနေ့တွင် မွန်ဒေသအတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က တိုက်တွန်းလိုက်သည်။ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာအတွင်း မွန်ဒေသ၌ အမျိုးသမီး ၉၂ ဦးထက်မနည်း အသတ်ခံခဲ့ရပြီး ၄၆၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း NRFF က ယနေ့…

Read More

Loading

မူယန်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကကျေးရွာအတွင်းရှိ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများထံက သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် မိုးဗြဲမြို့အနီးရှိ လွယ်ယင်းမင်္ဂလာကျေးရွာအတွင်းသို့ စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်များ ဝင်ရောက်ကာ ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း…

Read More

Loading

ခင်သရဖီဦး ကမ္ဘာတစ်ဝန်းလုံး၌ နှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည့် ယနေ့တွင် စစ်တပ်က သံတွဲမြို့အား လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ ည ၇ နာရီ ၂၈ မိနစ်အချိန်တွင် သံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ဗုံးနှစ်လုံး…

Read More

Loading

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ယနေ့ (ဒီဇင်ဘာ ၃၁) နှစ်သစ်ကူးအကြိုနေ့တွင် မြို့နေလူထုအားလုံးနီးပါး စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။ ဒီဇင်ဘာ ၂၈ ညနေပိုင်းမှစတင်ကာ တော်လှန်ရေးတပ်များက ကသာမြို့ရှိ အာဏာသိမ်းစစ်အုပ်စုစခန်းများကို ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့အဝင်ရှိ ပတ္တမြားကုန်းစစ်တပ်အထိုင်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ “တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တိုက်ပွဲဖြစ်တော့…

Read More

Loading

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် ယမန်နေ့ညက အလှူလုပ်ရန်သွားသည့်ကား တိမ်းမှောက်ပြီး လိုက်ပါလာသည့် မြန်မာ ၆ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ ယာဥ်မောင်းအပါအဝင် မြန်မာ ၁၃ ဦး လိုက်ပါလာသည့် ပစ်ကပ်ကား(Pickup Truck)တစ်စီးသည် မြေအောက်လှိုဏ်ခေါင်းတစ်ခု အနီးတွင် ရုတ်တရက် ညာဘက်သို့ ကွေ့လိုက်သဖြင့် ဘရိတ်အုပ်ချိန်မမီဘဲ အကာအရံများကို…

Read More

Loading

သျှင်မြတ်ဖြူ ရခိုင်ပြည်၊ ငပလီမြို့တွင် စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အပျက်အစီးများအောက်၁၂ နာရီကြာ ပိတ်မိနေခဲ့သည့် အသက် ၃ နှစ်မပြည့်သေးသော ကလေးငယ်တစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ဟု ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈ နာရီခန့်က လင်းသာရပ်ကွက်ရှိ နေအိမ်များပေါ်သို့…

Read More

Loading

ခင်သရဖီဦး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် သံတွဲမြို့နယ်၊ ငပလီမြို့တွင် နေအိမ်တစ်လုံးကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တီဗီကြည့်နေစဉ်ဖြစ်သည့်အတွက် ကလေးငယ်များအပါအဝင် ဒေသခံ ၉ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈…

Read More