ကရင်ပြည်နယ်၊ မြဝတီ – ဝေါလေကားလမ်းမရှိ စစ်ရေးဗျူဟာအရ အရေးပါသည့် ဘုရင့်နောင်စခန်းကုန်းကို ပူးပေါင်းတပ်များက ထပ်မံသိမ်းပိုက်လိုက်သည်ဟု သိရသည်။ ဘုရင့်နောင်ကုန်းကို ယမန်နေ့ညတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဘက်မှ သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။ ၎င်းက “ဘုရင့်နောင်ကုန်းကျတော့ စစ်ရေးဗျူဟာအရ အရေးပါတဲ့ စခန်း တစ်ခု။ အခုတိုက်နေတဲ့…