ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့ဆေးရုံအား ယမန်နေ့ ညသန်းခေါင် ၁၁ နာရီကျော်အချိန်မှာ စစ်တပ်ဘက်မှ ကာမီကာဇေအသေခံဒရုန်းဖြင့် တိုက်ခိုပ်ခဲ့သည်။
လေးကေ့ကော်ဒေသခံတစ်ဦးက ” ဒရုန်းနဲ့လာကြဲတာ။ လူတော့အထိအခိုက်မရှိဘူး။ ဆေးရုံစတိုခေါင်မိုးတော့ ပွင့်သွားတယ်။ ” ဟု ဆိုသည်။ စစ်တပ်ဘက်မှ ဒရုန်းကြဲချသည့်အချိန်သည် လေကြောင်းရန်ကိုစိုးရိမ်သောကြောင့် ဆေးရုံကို ပိတ်ထားသောအချိန်ဖြစ်သည်။
မြဝတီမြို့တောင်ဘက် ကျောက်ခက်ဒေသရှိ ကျောက်ခက်ဆေးရုံဟောင်းကို စစ်တပ်ဘက်မှ စက်တင်ဘာလ ၄ ရက်တွင် ကာမီကာဇေ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
လေးကေ့ကော်မြို့သစ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်၌ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်တပ်အကြား တိုက်ပဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများသည် စစ်ဘေးရှောင်ရသည်။ ထို့နောက် တော်လှန်ရေးပူးပေါင်းတပ်၏နယ်မြေစိုးမိုးမှုရလာတယကြောင့် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဒေသခံအချို့ ပြန်လည်နေထိုင်ခဲ့သည်။
ဓာတ်ပုံ – ဒေသခံ ပုံစာ – ယမန်နေ့ညသန်းခေါင်အချိန် စစ်တပ်မှ ကာမီကာဇေဖြင့် ကြဲချသောကြောင့် လေးကေ့ကော်ဆေးရုံစတိုခန်းခေါင်မိုးပေါက်သည့်အခြေအနေ