• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မြန်မာပြည်သူသုံးသိန်းကျော်အတွက် ကိုရီးယားနှင့် WFP ပူးပေါင်း၍ အရေးပေါ် စားနပ်ရိက္ခာ အကူအညီပေးမည်
  • စစ်ကော်မရှင်၏ရွေးကောက်ပွဲကို BGF ထောက်ခံကြောင်း သတင်းထုတ်ပြန်
  • လက်နက်ခဲယမ်းများနှင့် စကားပြောစက်များကို အပ်နှံရန် အေအေ ထုတ်ပြန်
  • ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ
  • သင်္ကန်းညီနောင်ကို စစ်ကောင်စီ ဗုံးကြဲ
  • ရန်ကုန်မှ ရခိုင်သို့ ပြန်လာသည့် ဒေသခံ ရာချီ ကျောက်ဖြူတွင် ပိတ်မိ
  • လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်သည့် စစ်ခေါင်းဆောင်နှင့် အရာရှိများအား ဖော်ထုတ်
  • ရခိုင်တွင် အင်တာနက် သုံးစွဲခွင့်အား အကန်အသတ်ဖြင့်သာ ဖွင့်ပေးမည်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပင်မစာမျက်နှာ»မြန်မာပြည်သူသုံးသိန်းကျော်အတွက် ကိုရီးယားနှင့် WFP ပူးပေါင်း၍ အရေးပေါ် စားနပ်ရိက္ခာ အကူအညီပေးမည်
ပင်မစာမျက်နှာ

မြန်မာပြည်သူသုံးသိန်းကျော်အတွက် ကိုရီးယားနှင့် WFP ပူးပေါင်း၍ အရေးပေါ် စားနပ်ရိက္ခာ အကူအညီပေးမည်

thanlwinkhetBy thanlwinkhetSeptember 5, 2025No Comments2 Mins Read
Facebook Twitter WhatsApp
Mandalay, Myanmar WFP works closely with partners to distribute emergency food and nutrition assistance to earthquake survivors in Mandalay.
Share
Facebook Twitter WhatsApp

Loading

ကိုဏီတာ
မြန်မာနိုင်ငံတွင် စံချိန်တင် မြင့်တက်နေသည့် ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ အမေရိကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိ “REACH” အမည်ရ အရေးပေါ် လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်သည်ဟု ထည့်သွင်းဖော်ပြထားသည်။
၎င်းအစီအစဉ်သည် အပြင်းထန်ဆုံး ဒုက္ခခံစားနေရသူများထံသို့ စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်သည်။
“အခုလို ခက်ခဲတဲ့အချိန်ကာလမှာ ကိုရီးယားသမ္မတနိုင်ငံအနေနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ဖို့ ကတိကဝတ်ပြုထားပါတယ်။ REACH (Responding with Emergency Assistance for Conflict-Affected Households) အစီအစဥ်ကတဆင့် ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကို အများဆုံးခံစားနေရသူတွေကို အရေးပေါ်အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီပံ့ပိုးကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူပြည်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးအကြီးအကဲ Mr. Bae Byeongsoo က ပြောသည်။
REACH အစီအစဉ်အရ ပဋိပက္ခနှင့် ငလျင်ဒဏ်သင့်ဒေသများရှိ လူဦးရေ သုံးသိန်းဝန်းကျင်ကို နှစ်လစာ စားနပ်ရိက္ခာများ သို့မဟုတ် စားသောက်ကုန်များ ဝယ်ယူနိုင်ရန် မိုဘိုင်းလ်ငွေကြေးစနစ်နှင့် ဘောက်ချာများမှတစ်ဆင့် ငွေသားများ ထောက်ပံ့သွားမည် ဖြစ်သည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ် စုစုပေါင်း ၂၄,၀၀၀ ဦးကိုလည်း အာဟာရချို့တဲ့မှုမှ ကာကွယ်ကုသပေးမည့် အထောက်အပံ့များ ပေးအပ်သွားမည်ဟု WFP က ဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ပဉ္စမမြောက် အဆိုးရွားဆုံးနိုင်ငံ ဖြစ်လာကြောင်း နောက်ဆုံးထုတ်ပြန်ထားသည့် Hunger Hotspots Report တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာပြည်သူ ၃ ဦးလျှင် ၁ ဦးနှုန်း (စုစုပေါင်း ၁၆.၇ သန်း) သည် စားနပ်ရိက္ခာဖူလုံမှု မရှိတော့ဘဲ ယင်းအရေအတွက်သည် ၂၀၂၄ ခုနှစ်က ရှိခဲ့သည့် ၁၃.၃ သန်းထက် သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။
အဆိုပါ လူဦးရေထဲမှ ၂.၈ သန်းမှာ ထမင်းတစ်နပ်အတွက် နေ့စဉ် အရေးပေါ် ရုန်းကန်နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။
စားနပ်ရိက္ခာဖူလုံမှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် အစောပိုင်းနှင့် နှိုင်းယှဉ်ပါက လေးဆအထိ ရှိလာပြီဖြစ်သည်။
WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Michael Dunford က “စံချိန်တင် မြင့်မားလာတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေအကြား အခုလိုအချိန်နဲ့တပြေးညီ ရောက်ရှိလာတဲ့ ပံ့ပိုးကူညီမှုအားဖြင့် ပဋိပက္ခနဲ့ ငလျင်ဒဏ်ကြောင့် ပြိုလဲခဲ့ရတဲ့ လူထုအသိုက်အဝန်းတွေအနေနဲ့ အကူအညီတွေ တိုးမြင့်ပြီး ရရှိနိုင်ကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
WFP သည် အဆိုပါ အကူအညီများကို ဒေသခံ မိတ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)အားချိတ်ဆက်လက်တွဲကာ အကူအညီ အမှန်တကယ်လိုအပ်ပြီး သွားလာရန်ခက်ခဲသည့် ဒေသများရှိ ပြည်သူများထံသို့ တိုက်‌ရိုက်ရောက်ရှိအောင် ပေးအပ်သွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓါတ်ပုံ – ငလျင်ကြောင့် ထိခိုက်ခဲ့ရသော ပြည်သူများအား WFP နှင့် မိတ်ဆက်အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီစဉ်(WFP)
#မြန်မာပြည်သူသုံးသိန်းကျော် #WFP #ကိုရီးယား #အရေးပေါ်စားနပ်ရိက္ခာ #အကူအညီပေး #ThanLwinKhetNews
Mandalay, Myanmar
Earthquake survivors received assistance from WFP with support from ROK.
Mandalay, Myanmar.
Earthquake survivors received assistance from WFP with support from ROK
Mandalay, Myanmar
WFP works closely with partners to distribute emergency food and nutrition assistance to earthquake survivors in Mandalay.
Mandalay, Myanmar
WFP provides food assistance and specialised nutrition support to pregnant women, breastfeeding mothers, and children under the age of five.
Mandalay, Myanmar
WFP works closely with partners to distribute emergency food and nutrition assistance to earthquake survivors in Mandalay.

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကော်မရှင်၏ရွေးကောက်ပွဲကို BGF ထောက်ခံကြောင်း သတင်းထုတ်ပြန်
thanlwinkhet
  • Website

Related Posts

စစ်ကော်မရှင်၏ရွေးကောက်ပွဲကို BGF ထောက်ခံကြောင်း သတင်းထုတ်ပြန်

September 5, 2025

လက်နက်ခဲယမ်းများနှင့် စကားပြောစက်များကို အပ်နှံရန် အေအေ ထုတ်ပြန်

September 5, 2025

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

September 5, 2025

Leave A Reply Cancel Reply

Recent Posts

  • မြန်မာပြည်သူသုံးသိန်းကျော်အတွက် ကိုရီးယားနှင့် WFP ပူးပေါင်း၍ အရေးပေါ် စားနပ်ရိက္ခာ အကူအညီပေးမည်
  • စစ်ကော်မရှင်၏ရွေးကောက်ပွဲကို BGF ထောက်ခံကြောင်း သတင်းထုတ်ပြန်
  • လက်နက်ခဲယမ်းများနှင့် စကားပြောစက်များကို အပ်နှံရန် အေအေ ထုတ်ပြန်
  • ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ
  • သင်္ကန်းညီနောင်ကို စစ်ကောင်စီ ဗုံးကြဲ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မြန်မာပြည်သူသုံးသိန်းကျော်အတွက် ကိုရီးယားနှင့် WFP ပူးပေါင်း၍ အရေးပေါ် စားနပ်ရိက္ခာ အကူအညီပေးမည်

စစ်ကော်မရှင်၏ရွေးကောက်ပွဲကို BGF ထောက်ခံကြောင်း သတင်းထုတ်ပြန်

လက်နက်ခဲယမ်းများနှင့် စကားပြောစက်များကို အပ်နှံရန် အေအေ ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မြန်မာပြည်သူသုံးသိန်းကျော်အတွက် ကိုရီးယားနှင့် WFP ပူးပေါင်း၍ အရေးပေါ် စားနပ်ရိက္ခာ အကူအညီပေးမည်

September 5, 2025

စစ်ကော်မရှင်၏ရွေးကောက်ပွဲကို BGF ထောက်ခံကြောင်း သတင်းထုတ်ပြန်

September 5, 2025

လက်နက်ခဲယမ်းများနှင့် စကားပြောစက်များကို အပ်နှံရန် အေအေ ထုတ်ပြန်

September 5, 2025

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

September 5, 2025

သင်္ကန်းညီနောင်ကို စစ်ကောင်စီ ဗုံးကြဲ

September 5, 2025

ရန်ကုန်မှ ရခိုင်သို့ ပြန်လာသည့် ဒေသခံ ရာချီ ကျောက်ဖြူတွင် ပိတ်မိ

September 4, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.