မိုင်းယု
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့ အုပ်ချုပ်ရေးဒေသ၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင်နယ်မြေအတွင်းရှိ စားဝတ်နေရေးအခက်အခဲများရှိနေသော ရွှေ့ပြောင်းအလုပ်သမား များအား အာရက္ခတပ်တော်(AA)၊ မီးနဂါးစစ်ဒေသမှ ထောက်ပံ့မှုများပြုလုပ်ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့မှုအစီအစဉ်တွင် စားဝတ်နေရေးခက်ခဲသည့် ရွှေ့ပြောင်းအလုပ်သမား ၁၂၀ ဦးအား ၃ဦးလျှင် ဆန်တစ်အိတ်နှုန်းဖြင့် ဆန်အိတ် ၄၀ကို အာရက္ခတပ်တော်-AA၊ မီးနဂါးစစ်ဒေသမှ ရဲမှူးဦးဆောင်၍ ထောက်ပံ့ကူညီ ခဲ့သည်ဟု တာဝန်ရှိသူထံမှသိရသည်။
“ဒီမှာအလုပ်အကိုင်ရှားပါးနေတာကိုကြုံတွေ့နေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေရှိတယ်။ အဲဒီအတွက် ဆန်တွေလှူဒါန်းခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင်လည်း မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅)မိုင် ရှိ ဒေသခံပြည်သူများအား အာရက္ခတပ်တော်-AA၊ မီးနဂါးစစ်ဒေသမှ အိပ်စောင်အထည် (၁၀၀၀) အား ကူညီထောက်ပံ့ပေးခဲ့သည်။
ဓါတ်ပုံ – CJ
#စားဝတ်နေရေးခက်ခဲ #ရွှေ့ပြောင်းအလုပ်သမား #အာရက္ခတပ်တော် #ဆန်ထောက်ပံ့ #ThanLwinKhetNews
