Browsing: ပင်မစာမျက်နှာ

Loading

ထိုင်းနိုင်ငံ၊ချင်းမိုင်းမြို့တွင် ဧပြီလ ၁၉ ရက်တွင် ချင်းမိုင်မြို့သက်တမ်း ၇၂၉ နှစ်ပြည့် အထိမ်းအမှတ်အဖြင့် လန့်နားရိုးရာ လက်သည်းချွန် အက အား ကပြဖျော်ဖြေခဲ့သည်။ ထိုကပွဲတွင် လူပေါင်း ၇၂၁၈ ဉီး ကပြခဲ့ပြီး လူအများဆုံး ကပြဖျောဖြေခဲ့ ခြင်းကြောင့် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ သတင်း – အမီးလေး ဓါတ်ပုံ…

Read More

Loading

စိန်ချယ်ရီဝင်း (အင်းလေး) ကြောင်ခုန်ကျောင်း(သို့)ငါးဖယ်ချောင်းကျောင်းတိုက် ကြောင်ခုန်ကျောင်းဟာ သက်တမ်းရာချီရှိတာကြောင့် ရှေးဟောင်းယဥ်ကျေးမှုနှင့် အမွေအနှစ်အဖြစ် မြတ်နိုးစရာပါ။ ညောင်ရွှေမြို့၊ အင်းလေးဒေသရဲ့ သက်တမ်းအရင့်ဆုံး ဘုန်းကြီးကျောင်းဖြစ်တဲ့ အင်းလေးရဲ့ ခရီးသွားလုပ်ငန်းမှာ အရေးပါခဲ့တဲ့ နေရာတစ်နေရာဆိုလည်း မမှားပါဘူး။ ကြောင်ခုန်ကျောင်းလို့ လူသိများလှတဲ့ ငါးဖယ်ချောင်းကျောင်းတိုက်ဟာ ဟာ မြန်မာ့ရှေးအမွေအနှစ်စာရင်းထဲကို ဝင်လောက်တဲ့အထိ သမိုင်းကြောင်းရှိခဲ့ပါတယ်။ မြန်မာ သက္ကရာဇ်…

Read More

Loading

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မယ်တော်ဆေးခန်းမိသားစုနှင့် လူမှုအခြေပြုအဖွဲ့အစည်းများပူးပေါင်းကျင်းပသော သက်ကြီးပူဇော်ပွဲကို မယ်တော်ဆေးခန်းတွင် အကျဉ်းချုံးပြုလုပ်ခဲ့သည်။ နှစ်စဉ်ကျင်းပလေ့ရှိသော သက်ကြီးပူဇော်ပွဲသည် လက်ရှိအချိန်တွင် ၁၅ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငလျင်ကပ်ဘေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် အကျဉ်းချုံးကျင်းပခဲ့သည်ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။ ယခုနှစ် သက်ကြီးပူဇော်ပွဲတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအဖိုးအဖွား ၂၀၀နှင့် ထိုင်းအဖိုးအဖွား ၂၀…

Read More

Loading

ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကျုံဒိုးဒေသတိုက်ပွဲများကြောင့် ဒေသခံ ၂၁၅ဦးမှာ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မယ့်ရမတ်မြို့နယ်အတွင်းသို့ စစ်ဘေးရှောင်လာရသည်ဟု ထိုင်းသတင်းရင်းမြစ်များတွင် ဖော်ပြထားသည်။ ကော့ကရိတ်ဒေသအတွင်း၌ သင်္ကြန်ကာလတွင်းအချိန်မှ စတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်များက အာဏာသိမ်းစစ်တပ်နှင့် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ်များစွာ ပြုလုပ်ခဲ့သည်။ “လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းနဲ့ကြဲတယ်၊ လေယာဉ်ကလည်း…

Read More

Loading

Chinland Defense Force_CDF-KKG မှ အထူးစစ်ဆင်ရေးအဖြစ် ဦးဆောင်ပြုလုပ်သည့် ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ဆင်ရေးများတွင် အောင်ပွဲဖြင့် ပြန်လာကြသည့် ABSDF ရဲဘော်များနှင့် မဟာမိတ် ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးစစ်ကြောင်း ၃မှ သတင်းထုတ်ပြန်ခဲ့သည်။ နှစ်လ ဝန်းကျင်ကြာမြင့်ခဲ့သည့် စစ်ဆင်ရေးတွင် ကလေးမြို့နယ်တောင်ပိုင်းရှိ ကမ်းပါးနီ စစ်စခန်းနှင့်…

Read More

Loading

တိုက်ပွဲများပြင်းထန်နေသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အနောက်ခြမ်းရှိ ပန်းတောကြီးကျေးရွာအတွင်း ပိတ်မိနေသော ဒေသခံများကို အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဘေးလွတ်ရာနေရာများသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ပန်းတောကြီးဒေသခံအချို့က သံလွင်ခက်ကို ပြောသည်။ “ရွာကနေ သင်္ကြန်ပြီးတာနဲ့ ရှောင်မလို့ပဲ။ ချက်ချင်းကြီး ထဖြစ်တော့ ဘယ်လိုမှ ရှောင်လို့မရတော့တဲ့ သူတွေရှိကုန်တယ်။ ခုက ရွာကို နှစ်ဖက်ညှပ်ပစ်တော့ ကြားထဲ ပိတ်မိသွားတဲ့…

Read More

Loading

နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက်နံနက်ခင်းမှစကာ တိုက်ပွဲများပြင်းထန်နေသော ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အနောက်ခြမ်းရှိ ပန်းတောကြီးကျေးရွာကို အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်ဟု ဒေသခံအချို့က အတည်ပြုပြောဆိုသည်။ AA ဦးဆောင်သော ပူးပေါင်းတပ်များသည် မတ်လ ၂၅ ရက်နောက်ပိုင်းတွင် ပုသိမ်-မုံရွာလမ်းနှင့် လေးမိုင်ခန့်အကွာတွင်ရှိသော တုံးတော၊ ဝတ်ကုန်းရွာများကို သိမ်းပိုက်ခဲ့ပြီး ဒေသခံအများစုမှာ ဘေးလွတ်ရာနေရများသို့…

Read More

Loading

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက်ခြမ်းရှိ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)ဒေသအတွင်း ကျားဖြန့်လုပ်ငန်းခွင်များမှ ထိန်းသိမ်းထားသူများကို မြဝတီမြို့ရှိ အားကစားရုံသို့ ဧပြီလ ၁၈ ရက်တွင် လွှဲပြောင်းပို့ဆောင်ခဲ့သည်ဟု အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူက ပြောသည်။ အဆိုပါလွှဲပြောင်းထားသူများအား သက်ဆိုင်ရာအာဏာပိုင်များက စိစစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းသွားမည်ဟု ဆိုသည်။ DKBA ၏ ပြုစုထားသော စာရင်းများတွင် လွှဲပြောင်းပေးခဲ့သူအရေအတွက်မှာ…

Read More

Loading

မတ်လ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနှင့်ထိုင်းတွင် အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို ရည်စူးကာ မေတ္တာပို့ဆုတောင်းပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဘာသာပေါင်းစုံမှာ ဦးဆောင်သူများနှင့် ပြည်သူများတက်ရောက်ခဲ့ကြပြီး ဆုတောင်းစကားများပြောကြားခြင်းနှင့် ဖယောင်းတိုင်ထွန်းဆုတောင်းခြင်းများပြုလုပ်ခဲ့သည်။ ဓါတ်ပုံ – သံလွင်ခက်

Read More

Loading

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်မြောက်လာသူ အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၄၃ ဦးသာ ပါဝင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက ပြောသည်။ ယနေ့တွင် စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၄၈၉၄ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သည်။…

Read More