![]()
ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းနေသည့် စက်လှေများအား ဖမ်းဆီးရာတွင် အဆိုပါ လှေနဲ့ အတူလိုက်ပါလာသည့် အကြမ်းဖက်သမားများမှ AA တပ်ဖွဲ့ဝင်နှစ်ဦးအား သတ်ဖြတ်သွားသည်ဟု အာရက္ခတပ်တော် AA မှ သတင်းထုတ်ပြန်သည်။
ယမန်နေ့ နေ့လည် ၁ နာရီကျော်ခန့်တွင် ရသေ့တောင်မြို့နယ် အပိုင် ကိုးတန်ကောက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာ အနီးက ရခိုင်ရေပိုင်နက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်င်ငံမှ ငါးဖမ်း စက်လှေ အစီး ၈၀ ခန့် ငါးခိုးဖမ်းနေသည့်ကို တွေ့ရှိရသည်ဟု ဆိုသည်။
ယင်းသို့ ငါးခိုးဖမ်းသည့် စက်လှေများအား AA၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးစဉ် ငါးဖမ်း စက်လှေ ငါးစီးခန့်အား စက်တင်ဘာ ၁၀ ရက် ည ၇ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးရမိသည့် စက်လှေများအား စစ်ဆေးစဉ် စက်လှေများတွင် လိုက်ပါလာသည့် အကြမ်းဖက်သမားများမှ AA တပ်ဖွဲ့ဝင် နှစ်ဦးအား သတ်ဖြတ်ကာ လက်နက်များအား လုယုထွက်ပြေးသွားသည်ဟု သိရသည်။
AA အနေဖြင့် ၎င်းတို့၏ ရေပိုင်နက်တွင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား တရားမဝင် ကျူးကျော်ဝင်ရောက်မှုများ ထင်ရှားသော်လည်း ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်ပြီးတိုင်း နှစ်ဖက် အပြန်အလှန်လေးစားမှုဖြင့် အကြိမ်ကြိမ် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
သို့သော် ယခုတကြိမ်တွင် ငါးခိုးဖမ်းခြင်းအပြင် တာဝန်ထမ်းဆောင်နေသည့် AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခြင်းနှင့် လက်နက်လုယူ ထွက်ပြေးခြင်းများသည် အကြမ်းဖက်သည်လုပ်ရပ် ဖြစ်သောကြောင့် ထိထိရောက်ရောက် ကိုင်တွယ်သွားဟု ထုတ်ပြန်ထားသည်။
#ရခိုင်ရေပိုင်နက် #ငါးခိုးဖမ်းသူ #AAတပ်ဖွဲ့ဝင်များအားသတ်ဖြတ် #ThanLwinKhetNews
