သပိတ်ကျင်းမြို့နယ်တွင်း စစ်ကော်မရှင်က ယနေ့ တစ်ရက်တည်း လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ငါးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။
မြို့နယ် ကမ်းပါနီကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ယနေ့ ညနေ ၃:၁၅ နာရီတွင် လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ သုံးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ယနေ့ ညနေ ၅:၃၀ အချိန်တွင် စစ်ကော်မရှင်မှ ပစ်လွှတ်လိုက်သော လက်နက်ကြီးကျည်သည် သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာရှိ လူနေရပ်ကွက်အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သရာ အပြစ်မဲ့ ပြည်သူ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
#သပိတ်ကျင်း #စစ်တပ်လေကြောင်း #လက်နက်ကြီး #အပြစ်မဲ့ပြည်သူသေဆုံး #ThanLwinKhetNews




