• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အဓမ္မ အလုပ်စေခိုင်းနေ
  • လူနာသွားယူသည့် ကား ဒရုန်းဖြင့် ပစ်ခတ်ခံရ၍ ၁၄ နှစ်အရွယ် အသင်းဝင်တစ်ဦး သေဆုံး
  • TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်တပ်ဗုံးကြဲ၍ သုံးပတ်ကျော်အတွင်း ဒေသခံ ၄၇ ဦးအထိ သေဆုံး
  • KK Park မှ ထွက်လာသူများ လုပ်ငန်းသုံးဖုန်းများအား အောက်ဈေးဖြင့် ရောင်းချ
  • ကျောက်ဖြူ သိုင်းချောင်းရွာကို စစ်တပ် ဗုံးကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ
  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပင်မစာမျက်နှာ»စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
ပင်မစာမျက်နှာ

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

thanlwinkhetBy thanlwinkhetSeptember 12, 2025No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သန္တာဖြူ
မြဝတီမြို့နယ်ထဲက မင်းလက်ပံ- ဖလူးသွားတဲ့ လမ်းမဘေးတလျှောက် လူနေအိမ်တွေနဲ့ ဆိုင်ခန်းတွေဟာ တံခါးတွေ အလုံပိတ်ထားပြီး မြို့ပျက်သဖွယ် တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။
တချို့အိမ်တွေမှာ နေထိုင်သူတွေရှိပေမဲ့ ညှိုးငယ်နေတဲ့ မျက်နှာထားတွေနဲ့ တွေ့ရပြီးတော့ ပစ္စည်းတွေ အဆင်သင့် သိမ်းဆည်းနေကြပါတယ်။
လမ်းမပေါ်မှာတော့ အထုတ်အပိုးတွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ကလေးက အစ အိမ်မွေးတိရိစ္ဆာန်တွေ တင်ဆောင်လာတဲ့ ကားတွေ ဆိုင်ကယ်တွေနဲ့ ထော်လဂျီတွေက လှုပ်လှုပ်ရှားရှား ဟိုမှ ဒီ သွားလာနေကြပါတယ်။
စစ်မီးကြောင့် နေရပ်စွန့်ခွာရ
သူတို့က မူရင်းနေထိုင်ရာနေရာကနေ စစ်ဘေးလွတ်တဲ့ နေရပ်တွေကို ပြောင်းရွှေ့ကြရတာပါ။ စစ်ကောင်စီက ကရင်ပြည်နယ်၊ ကော့ကရိတ် – သင်္ကန်းညီနောင် အာရှလမ်းကို သာလွန်အင်အားနဲ့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် သူတို့ နေထိုင်ရာ မြဝတီမြို့နယ်တလျှောက်ကို စစ်ကြောင်းထိုးလာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ခြေမြန်တပ်ရင်း ၃၅၅၊ ၃၅၆ နဲ့ သင်္ကန်းညီနောင်ဗျူဟာကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးဖောက်ဝင်နိုင်ခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက် မနက်ပိုင်း ၁၀ နာရီအချိန်ခန့်မှာတော့ စစ်ကောင်စီက လေးကေ့ကော်မြို့အနီးကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ အားရှိတဲ့ ဗုံးနှစ်လုံးကြဲချခဲ့ချိန်မှာတော့ ရွာသားတွေသာ သူတို့ နေအိမ်တွေမှာ ဆက် မနေရဲတော့ဘဲ ထပ်မံ စစ်ဘေးရှောင်ကြရတာပါ။ ဒါဟာ အဲဒီဒေသခံတွေအတွက်တော့ သုံးကြိမ်မြောက် စစ်ဘေးရှောင်ရခြင်းလည်း ဖြစ်ပါတယ်။
လိုအပ်ချက်တွေ အပြည့်နဲ့ စစ်ရှောင်ဘဝ
လေးကေ့ကော် ဒေသခံတွေ ၂၀၂၁ တိုက်ပွဲတွေ စဖြစ်ချိန်ကနေ နေရပ်မပြန်ခင်အထိ သုံးနှစ်ကျော်ကြာ ရှောင်တိမ်းနေထိုင်ခဲ့ရတဲ့ ပလောတပို့ စစ်ရှောင်စခန်း မြေနေရာဟာ နေ့ချင်းညချင်း ထပ်မံစစ်ရှောင်လာသူတွေနဲ့ အသက်ဝင်လာပါတော့တယ်။
ဒီလို တကျော့ပြန် စစ်ရှောင်လာသူတွေကို မိုးရွာထားတာကြောင့် ဗွက်ထနေတဲ့ လမ်းတွေနဲ့ လူတစ်ရပ်စာလောက်ရှည်နေတဲ့ မြက်ပင်ရိုင်းတွေက ကြိုဆိုနေပါတယ်။
တကျော့ပြန် အသက်ဝင်လာတဲ့ ပလောတပို့ စစ်ရှောင်စခန်းထဲမှာ ကျောတခင်းစာနေရာအတွက် မြက်ပင်တွေကို ရှင်းလင်းပြီး မြေပြင်မှာ တာလပတ်ခင်း၊ တာလပတ်မိုးထားတဲ့ တဲအိမ်တွေကို တည်ဆောက်နေကြတဲ့ထဲမှာ လေးကေ့ကော်က စစ်ရှောင်လာတဲ့ ဒေါ်မာမာဝေ တစ်ယောက်လည်း အပါအဝင်ပါ။
“အိမ်ကိုကြည့်ပြီး လွမ်းပြီးပြန်လာရတာပေါ့။ နေချင်ပါတယ်ဆိုမှ အခုပြန်ထွက်ရတယ်ဆိုတော့ ဘာမှ အဆင်မပြေနိုင်ဘူး။ တချီလည်း ကုန်ထားပြီးသွားပြီ။ အခုတစ်ခါလည်း ပြန်ထားခဲ့ရပြန်ပြီ” လို့ ဒေါ်မာမာဝေတစ်ယောက် သယ်လာတဲ့ ပစ္စည်းတွေကို ဆောက်လက်စတဲလေးမှာ နေရာချရင်း ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၅ ခုနှစ် အစောပိုင်းအထိ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ ၃ ဒဿမ ၅ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက အခုနှစ်လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒီလို အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ မတည်ငြိမ်တဲ့ ဘဝတွေ၊ မလုံခြုံတဲ့ အခြေအနေ၊ စားဝတ်နေရေး မပြေလည်မှုတွေ၊ ကလေးတွေဆိုရင် ပညာသင်ကြားခွင့် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတာ ငါးနှစ်နီးပါး ရှိလာပါပြီ။ မငြိမ်းသေးတဲ့ စစ်မီးလျှံတွေကြားမှာ ပြည်သူတွေဟာ အသက်အိုးအိမ်ဆုံးရှုံးပြီး စိတ်ထောင်းကိုယ်ကြေ ဖြစ်နေကြရပါပြီ။
အဲဒီထဲ တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ပြီးနောက် ငြိမ်းချမ်းပြီလို့ ယူဆပြီး နေရပ်ပြန်တာ ခြောက်လအကြာမှာ တဖန်ပြန်တိမ်းရှောင်ခဲ့ရတဲ့ ဒေါ်မာမာဝေတို့လည်း အပါအဝင်ပါ၊
ပထမတစ်ခေါက် စစ်ရှောင်ချိန်က သုံးနှစ်ကျော်ကြာ နေထိုင်ခဲ့တဲ့အဆောက်အအုံတွေ၊ ရေပေးဝေစနစ်တွေနဲ့ အိမ်သာတွေ အကုန်လုံးကလည်း စစ်ရှောင်စခန်းပိတ်သိမ်းချိန်တုန်းက ဖြိုဖျက်ခဲ့တာကြောင့် အသစ်ကနေပြန်တည်ဆောက်ကြရမှာ ဖြစ်တယ်လို့ ပလောတပို့ စစ်ရှောင်စခန်းရဲ့ တာဝန်ခံ နော်ဖောလွဲက ပြောပါတယ်။
“စစ်ရှောင်တွေ အတွက်ကတော့ အစကနေ ပြန်ပြီးတော့ စရတဲ့ အတွက် ကိုယ့်အိမ်တစ်အိမ်မှာ လိုအပ်တဲ့ လိုအပ်ချက်အားလုံး လိုအပ်တာပေါ့နော်။ အဓိကကတော့ သူတို့နေဖို့အတွက် တဲအိမ်၊ ရေအခက်အခဲကျတော့ အခု ရေပိုက်တွေကလည်း အစအဆုံး ပြန်လုပ်ရမယ်။ သောက်သုံးရေ အခက်အခဲဖြစ်နေတယ်” လို့ နော်ဖောလွဲက ပြောပါတယ်။
တကြော့ပြန်စစ်ရိပ် အစ
လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို စစ်ကောင်စီက ကျင်းပမယ်လို့ ကြေညာပြီးနောက်မှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်မှုတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။
ကရင်ပြည်နယ်တောင်ပိုင်းမှာ ရိက္ခာနဲ့ လက်နက်အင်အား လူအင်အားဖြည့်ဖို့ အရေးပါတဲ့ မြဝတီ အာရှလမ်းမကြီးကို သိမ်းနိုင်ဖို့ စစ်ကော်မရှင်တပ်က အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်ပြီး ပြန်လည် စိုးမိုးလာတဲ့နောက် ဒေါ်ဝင်းဝင်းတို့ နေတဲ့ လေးကေ့ကော်ဒေသမှာ စစ်ရိပ်တွေ ပြန်သန်းလာခဲ့တာပါ။
ပြေးရလွှားရ မလွယ်တဲ့ အသက်အရွယ် အပိုင်းအခြားတစ်ခုကို ရောက်နေပြီဖြစ်တဲ့ ၆၀ ကျော်အရွယ် ဒေါ်ဝင်းဝင်းကတော့ လက်ရှိ ယာယီတဲလေးမှာ ထိုင်ရင်းက
“လေးကေ့ကော်မှာ ပြန်ပြီးနေတာ ငါးလတောင် မပြည့်သေးဘူး၊ လေးလကျော်ပဲ ရှိသေးတယ်။ အခုက တကျော့ပြန်ပြေးရတယ်။ အကုန်လုံးက ပြောင်းတော့ လိုက်ပြောင်းရတာပေါ့။ ဟိုကို ရောက်တော့ အမိုးလေးနဲ့ တိုင်လေးပဲ ကျန်တယ်။ ခေါင်မိုးတွေကလည်း ကျည်တွေ ဖောက်ထားတာ မိုးက မရွာတော့ နေလို့ ရတယ်လေ” လို့ ဟိုးအဝေးကို ငေးကြည့်ရင်း ပြောတာပါ။
လက်ရှိ ပလောတပို့ စစ်ရှောင်စခန်းမှာ လေးကေ့ကော်၊ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ ဖလူးနဲ့ မင်းလက်ပံက နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ အိမ်ထောင်စု စုစုပေါင်း ၃၀၀ ကျော် ရှိတယ်လို့ စခန်းတာဝန်ခံဆီက သိရပါတယ်။
“နေထိုင်ဖို့ အတွက် တော်တော် အခက်အခဲ ဖြစ်တယ်။ ကျွန်မတို့ ထွက်သွားပြီး ခြောက်လမှာ ပြန်ဝင်တော့ အစကနေ ပြန်လုပ်ရတာပေါ့” လို့ လတ်တလော နေထိုင်ရေး အဆင်မပြေသေးတဲ့ အကြောင်းကို နော်ဖော်လွဲက ရှင်းပြပါတယ်။
နယ်မြေမလုံခြုံမှုတွေကြောင့် ရုတ်တရက် ထွက်ပြေးတိမ်းရှောင်လာရတဲ့အခါ စစ်ရှောင်လာရသူတွေဟာ အရာရာ အသစ်ပြန်စကြရတာပါ။
“ဒီမှာရောက်တော့ ဘာမှလည်း မရှိဘူး။ ချုံတွေလည်း ပြန်ဖြစ်နေပြီ။ ဒါနေရာဟောင်းဆိုတော့ ချုံတွေလည်း ပြန်ဖြစ်နေတော့ အစကနေ အဆုံး ပြန်လုပ်ရတယ်” လို့ ဒေါ်မာမာဝေက လေတိုက်နေလို့ လွင့်နေတဲ့ မိုးကာစကို ချည်နေရင်း ဆိုပါတယ်။
မပြီးပြန်သေးတဲ့ စစ်ရေးပဋိပက္ခ
ကရင်ပြည်နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေက အခုနှစ်အတွင်းမှာ စစ်ကော်မရှင် တပ်စခန်း ၁၈ ခုထက်မနည်းကို သိမ်းယူနိုင်ခဲ့ပါတယ်။
အထူးသဖြင့် တပ်မဟာ ၇ က မော်ဖိုးခီးစခန်းအပါအဝင် စစ်ကောင်စီ ခြေကုပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့ရပြီး တပ်မဟာ ၆ ထဲက စွယ်တော်ကုန်း၊ ဖာပွန်-ကမမောင်းလမ်းပေါ်ရှိ တောင်သုံးလုံးစခန်း၊ မြဝတီတောင်ဘက်က သေ့ဘောဘိုး စခန်း၊ ဝေါ်လေဒေသက နာမည်ကျော် ဥကရစ်ထစခန်းတွေအထိ သိမ်းယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကိုလည်း ရက်ပေါင်း ၅၀၃ ရက်ကြာ ပိတ်ဆို့နိုင်ခဲ့တယ်လို့လည်း ကရင်အမျိုးးသားအစည်းအရုံး KNU က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ စစ်တပ်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်သိမ်းယူသွားနိုင်ခဲ့ပြီး သင်္ဃန်းညီနောင်ဒေသကိုလည်း ပြန်ထိန်းချုပ်ထားပါတယ်။ အခုအခြေအနေအရ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာနေပါတယ်။
ဒါကြောင့်ပဲ လေးကေ့ကော်မှာ ပြန်လည်အခြေချဖို့ ပြန်သွားကြတဲ့ ဒေသခံတွေဟာ ထပ်မံပြီးတော့ စစ်ပြေးကြရပြန်ပါတယ်။
ဒုတိယအကြိမ် ရောက်လာရတဲ့ ပလောတပို့ စစ်ရှောင်စခန်းမှာ ဘယ်အချိန်ထိ ဆက်နေရမယ်ဆိုတာကိုတော့ သူတို့ မမှန်းဆနိုင်သေးပါဘူး။
“ပထမ တစ်ခေါက်တော့ ကျွန်မတို့ ၃ နှစ်ကျော်ကျော် နေခဲ့ရတယ်။ အခုတခေါက်တော့ စစ်ရေးအခြေအနေ ပေါ်မှာပဲ ဘယ်လောက်ထိ ကြာမယ်ဆိုတာ ကျွန်မတို့ မသိဘူးပေါ့နော်။ စစ်ရေးအပေါ် မူတည်ပြီး ကျွန်မတို့ နေရမယ်ထင်ပါတယ်” လို့ နော်ဖောလွဲက ယာယီနေထိုင်ဖို့ တဲတွေ ဆောက်လုပ်နေတဲ့ နေရာကို ငေးကြည့်ရင်း ဆိုပါတယ်။
ကရင်ပြည်မှာ ပြည်တွင်းစစ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၈ သိန်းနီးပါးခန့်ရှိပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခကြောင့် ငါးနှစ်နီးပါး ကြာအောင် မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ဖြတ်သန်းနေရပေမဲ့ စစ်ရှောင်အားလုံးရဲ့ ရင်ထဲမှာ ထပ်တူကျတဲ့ ဆန္ဒတစ်ခုရှိပါတယ်။
“နိုင်ငံရေးလည်း အမြန်ပြီးချင်ပါတယ်။ တော်လှန်ရေးအောင်မြင်ရင် သေပျော်ပါပြီ”ဒီလို မျှော်လင့်ချက် စကားကို လေးလေးပင်ပင်ပြောနေတဲ့ ဒေါ်ဝင်းဝင်းရဲ့ မျက်ဝန်းတွေကတော့ မှုန်မှိုင်းလို့ နေပါတော့တယ်။
#သတင်းဆောင်းပါး #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး
Next Article စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်
thanlwinkhet
  • Website

Related Posts

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အဓမ္မ အလုပ်စေခိုင်းနေ

October 27, 2025

လူနာသွားယူသည့် ကား ဒရုန်းဖြင့် ပစ်ခတ်ခံရ၍ ၁၄ နှစ်အရွယ် အသင်းဝင်တစ်ဦး သေဆုံး

October 27, 2025

TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်တပ်ဗုံးကြဲ၍ သုံးပတ်ကျော်အတွင်း ဒေသခံ ၄၇ ဦးအထိ သေဆုံး

October 25, 2025

Leave A Reply Cancel Reply

Recent Posts

  • ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အဓမ္မ အလုပ်စေခိုင်းနေ
  • လူနာသွားယူသည့် ကား ဒရုန်းဖြင့် ပစ်ခတ်ခံရ၍ ၁၄ နှစ်အရွယ် အသင်းဝင်တစ်ဦး သေဆုံး
  • TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်တပ်ဗုံးကြဲ၍ သုံးပတ်ကျော်အတွင်း ဒေသခံ ၄၇ ဦးအထိ သေဆုံး
  • KK Park မှ ထွက်လာသူများ လုပ်ငန်းသုံးဖုန်းများအား အောက်ဈေးဖြင့် ရောင်းချ
  • ကျောက်ဖြူ သိုင်းချောင်းရွာကို စစ်တပ် ဗုံးကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အဓမ္မ အလုပ်စေခိုင်းနေ

လူနာသွားယူသည့် ကား ဒရုန်းဖြင့် ပစ်ခတ်ခံရ၍ ၁၄ နှစ်အရွယ် အသင်းဝင်တစ်ဦး သေဆုံး

TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်တပ်ဗုံးကြဲ၍ သုံးပတ်ကျော်အတွင်း ဒေသခံ ၄၇ ဦးအထိ သေဆုံး

KK Park မှ ထွက်လာသူများ လုပ်ငန်းသုံးဖုန်းများအား အောက်ဈေးဖြင့် ရောင်းချ

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အဓမ္မ အလုပ်စေခိုင်းနေ

October 27, 2025

လူနာသွားယူသည့် ကား ဒရုန်းဖြင့် ပစ်ခတ်ခံရ၍ ၁၄ နှစ်အရွယ် အသင်းဝင်တစ်ဦး သေဆုံး

October 27, 2025

TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်တပ်ဗုံးကြဲ၍ သုံးပတ်ကျော်အတွင်း ဒေသခံ ၄၇ ဦးအထိ သေဆုံး

October 25, 2025

KK Park မှ ထွက်လာသူများ လုပ်ငန်းသုံးဖုန်းများအား အောက်ဈေးဖြင့် ရောင်းချ

October 25, 2025

ကျောက်ဖြူ သိုင်းချောင်းရွာကို စစ်တပ် ဗုံးကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ

October 25, 2025

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

October 24, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.