• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
  • ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး
  • ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်
  • သရက်တပင်က ဘော်ဒါဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ကလေးငယ် ၁၈ ဦး ရှိလာ
  • သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး
  • အမေရိကန်လက်ယာယိမ်း ချာလီကာ့ခ် ဟောပြောပွဲတွင် ပစ်ခတ်ခံရ၍ သေဆုံး
  • စစ်ကော်မရှင်၏ တရားမဝင် ရွေးကောက်ပွဲကို KNU တပ်မဟာ ၃ ကန့်ကွက်
  • မကွေးတိုင်းတွင် စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးသည်အထိ အေအေ တိုက်ခိုက်နိုင်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး
တိုက်ပွဲသတင်း

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

thanlwinkhetBy thanlwinkhetSeptember 12, 2025No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

  ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်သော မြိတ်-ထားဝယ်ခရိုင်အတွင်း လက်လွှတ်ခဲ့ရသည့် စစ်စခန်းတစ်ခုကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းသည့် စစ်ကော်မရှင်တပ်များနှင့် KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကာ နောက်ဆုတ်သွားခဲ့ရသည်ဟု KNU-ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ခရိုင် (ကော်သူးလေအုပ်ချုပ်နယ်မြေ)၊ လယ်မူလားမြို့နယ်ရှိ ထမင်းမစားရွာအခြေစိုက် စစ်ကော်မရှင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုသို့ တပ်စခန်းလက်လွှတ်ခဲ့ရပြီးနောက်တစ်နေ့ စက်တင်ဘာလ ၉ ရက်တွင် အဆိုပါစခန်းအား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကော်မရှင်တပ်များက စစ်ကြောင်းထိုး ထိုးစစ်ဆင်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် KNLA တပ်မဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း (၇) နှင့် KNLA အထူးတပ်ဖွဲ့များပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်။
နှစ်ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်များ အပါအဝင် အနည်းဆုံး ၁၅ ဦး ထိခိုက်သေဆုံးခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်တွင် စစ်ကြောင်းမှာ နောက်ပြန်ဆုတ်ခွာသွားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြိတ်-ထားဝယ်ခရိုင်သည် KNU တပ်မဟာ (၄) ၏ လှုပ်ရှားရာနယ်မြေဖြစ်ပြီး အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဆိုသလို ပြင်းထန်စွာ ဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်တပ် ထောက်ပို့လမ်းကြောင်းများနှင့် တပ်စခန်းများကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပြီး ယခု ထမင်းမစားရွာ တပ်စခန်းတိုက်ပွဲသည်လည်း နယ်မြေစိုးမိုးမှုအတွက် အရေးပါသော ဖြစ်စဉ်တစ်ခုဖြစ်သည်။
#ထမင်းမစားရွာတပ်စခန်း #စစ်တပ်အထိနာ #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်
Next Article စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
thanlwinkhet
  • Website

Related Posts

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025

ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်

September 12, 2025

သရက်တပင်က ဘော်ဒါဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ကလေးငယ် ၁၈ ဦး ရှိလာ

September 12, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
  • ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး
  • ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်
  • သရက်တပင်က ဘော်ဒါဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ကလေးငယ် ၁၈ ဦး ရှိလာ
  • သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်

သရက်တပင်က ဘော်ဒါဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ကလေးငယ် ၁၈ ဦး ရှိလာ

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

September 12, 2025

ရခိုင်ရေပိုင်နက်တွင် ငါးခိုးဖမ်းသူများက AA တပ်ဖွဲ့ဝင်များအား သတ်ဖြတ်

September 12, 2025

သရက်တပင်က ဘော်ဒါဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ကလေးငယ် ၁၈ ဦး ရှိလာ

September 12, 2025

သပိတ်ကျင်းတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

September 11, 2025

အမေရိကန်လက်ယာယိမ်း ချာလီကာ့ခ် ဟောပြောပွဲတွင် ပစ်ခတ်ခံရ၍ သေဆုံး

September 11, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.