Browsing: ပင်မစာမျက်နှာ

Loading

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ဒီမိုကရေစီကို အလွဲသုံးစားလုပ်၍ ပြည်သူကို လှည့်ဖြားသည့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်သည်ဟု ကရင်လူငယ်အစည်းအရုံး (KYO) က ယနေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။ အဆိုပါ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုဘဲ ဝိုင်းဝန်းတိုက်ဖျက်တားဆီးကြရန်လည်း KYO က…

Read More

Loading

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းထိုးလာသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်တပ်မှ ပြန်လည်သိမ်းပိုက်ထားသည့် သင်္ကန်းညီနောင် ခြေမြန်တပ်ရင်း ခမရ – ၃၅၅၊ ၃၅၆၊ ဗဟိုကင်းများ လက်ခတ်တောင်သို့တဆင့် လေးကေ့ကော်မြို့သို့ ထိုးစစ်ဆင်ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ၎င်းက “ကျတော်တို့တွေ ထိတွေ့မှုတောင် မဖြစ်သေးဘူး။ သူတို့က…

Read More

Loading

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်သော စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ တပ်မဟာ ၁အနေဖြင့် တိုက်ဖျက်ချေမှုန်းသွားမည်ဟု စက်တင်ဘာ ၂၀ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့သည်။ ဒူးသထူခရိုင်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(ဗဟို)၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူပြီးနောက် ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ပြန်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ထုတ်ပြန်ကြေညာချက်အတိုင်းရပ်တည်သွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။ ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင်…

Read More

Loading

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ပုံပါကျင်မြို့နယ်ခွဲအနီးတွင် မူးယစ်ဆေးဝါး ဆေးပြားသန်းချီသယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီးကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန်ထားသည်။ အဆိုပါမော်တော်ယာဉ်ပေါ်အား ကြားဖြတ်ဖမ်းဆီးရာတွင် ယာဘစိတ်ကြွဆေးပြား(WY) အလုံးရေ ၄.၇ သန်းကျော်သယ်ဆောင်လာသည့် မူးယစ်ကုန်ကူးသူတစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းမိခဲ့ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက…

Read More

Loading

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပယကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်၏ ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်တာဝန်ကျတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု NMSP-AD/Ramonnya Mon Armyက သတင်းထုတ်ပြန်သည်။ အင်အား ၆၀ ခန့်ရှိ အဆိုပါဂိတ်စခန်းကို စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၆ နာရီခန့်တွင်…

Read More

Loading

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့၊ စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု မြေပြင်စစ်ရေးဆိုင်ရာ သတင်းရင်းမြစ်များက အတည်ပြုသည်။ အဆိုပါမြို့သိမ်းအောင်မြင်သည့်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C)ထူထောင်အပြီး အမှတ်(၁)စစ်ဒေသ ဖွဲ့စည်းခြင်း…

Read More

Loading

 ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ကမ္ဘောဒီးယားနိုင်ငံသားများ၏ ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ထိုင်းအာဏာပိုင်များက အဓိကရုဏ်းနှိမ်နင်းရေးသုံး ရေအမြောက်ယာဉ်များကို ယနေ့ နေ့လယ်ပိုင်းက ကြိုတင်နေရာချထားကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။ ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် ထိုင်းအာဏာပိုင်များသည် ဖိအားမြင့်ရေအမြောက်ကားများကို Sa Kaeo ခရိုင်၊ Khok Sungမြို့နယ်ရှိ Ban…

Read More

Loading

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၏ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် ARSA နှင့် RSO အဖွဲ့များက ဒေသခံမဟုတ်သူများကို ပစ်မှတ်ထား၍ ပြန်ပေးဆွဲ သတ်ဖြတ်မှုများ ပြုလုပ်နေသောကြောင့် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။ AA ၏ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်နှင့်…

Read More

Loading

အာဏာသိမ်းစစ်ကောင်စီက လာမည့် ဒီဇင်ဘာလတွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲ အောင်မြင်စေရန်အတွက် စစ်ကော်မရှင်တပ်နှင့် လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘိုဘိ ဦးဆောင်သည့် မူလ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့က စက်တင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် အဆိုပါအဖွဲ့သည် စစ်ကောင်စီက…

Read More

Loading

မွန်တော်လှန်ရေးအင်အားစုများဖြစ်ကြသော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) နှင့် မွန်ပြည်တော်လှန်ရေးတပ်တော် (MLF) တို့သည် စစ်အာဏာရှင်စနစ်ကို ပိုမိုထိရောက်စွာ တော်လှန်တိုက်ဖျက်ရန်အတွက် စက်တင်ဘာလ ၁၈ ရက်တွင် တရားဝင် ပူးပေါင်းလိုက်သည်ဟု ပူးတွဲသတင်းထုတ်ပြန်ကြေညာခဲ့သည်။ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ဖျက်နိုင်ရန် မွန်လက်နက်ကိုင်အဖွဲ့များကြား ညီညွတ်မှုတည်ဆောက်သည့်အနေဖြင့် ယခုကဲ့သို့ မဟာမိတ်ဖွဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…

Read More