ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်စစ်ဆေးရေးဂိတ်တွင် တရားမဝင် လက်နက်ခဲယမ်းများကို ပူးပေါင်းအဖွဲ့က ယနေ့ ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ယနေ့ နေ့လယ် ၁၂:၃၀ နာရီခန့်တွင် အသက် ၃၈ နှစ်နှင့် အသက် ၇၀ နှစ်အရွယ် အမျိုးသား နှစ်ဦးနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။



သိမ်းဆည်းရမိသော လက်နက်ခဲယမ်းပစ္စည်းများတွင် ၈၁ မီလီမီတာ မော်တာကျည် ၃၇ လုံး၊ ၄၀ မီလီမီတာ အမြှောက်ကျည် (RPG 7) ၂၅ လုံး၊ အမြှောက်ကျည်များအတွက် တွန်းပို့ယမ်း ၂၅ ခု၊ ၅.၅၆ မီလီမီတာ ကျည် ၁,၆၄၀ တောင့် (၈၂ လုံး)၊ မစ်ဆူဘီရှီပစ်ကပ်ကား တစ်စီး၊ မိုဘိုင်းဖုန်း သုံးလုံးတို့ ပါဝင်သည်။
ဖမ်းဆီးရမိသူနှစ်ဦးအား လိုင်စင်ထုတ်ပေးခွင့်မရှိသော တရားမဝင် ကျည်ဆန်များနှင့် လက်နက်ခဲယမ်းများကို လက်ဝယ်ထားရှိမှုစွဲချက်ဖြင့် တရားစွဲထားသည်ဟု သိရသည်။
#မဲဆောက်စစ်ဆေးရေးဂိတ် #တက်ခ်ခရိုင် #လက်နက်ခဲယမ်းများဖမ်းမိ #ThanLwinKhetNews

