Browsing: ပင်မစာမျက်နှာ

Loading

နှောင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ လေးဦးသေဆုံးခဲ့သည်ဟု ဝက်လက်သတင်းကွန်ရက်က ထုတ်ပြန်သည်။ ဝက်လက်မြို့၊ အရှေ့‌ခြမ်း ဆည်တောရွာကို ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီခွဲခန့်တွင် မိတ္ထီလာမှ တက်လာသော တိုက်လေယာဉ် တစ်စီးဖြင့် ပေါင်…

Read More

Loading

ခင်သရဖီဦး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဆေးရုံ ဗုံးကြဲခံရမှုအတွင်း မိဘနှစ်ပါးလုံး သေဆုံးသွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်နားကျေးရွာမှ အသက်မပြည့်သေးသည့် ကလေးငယ် လေးဦးမှာ လက်ရှိတွင် လူမှုရေးနှင့် စားဝတ်နေရေး အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်က စစ်တပ်၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအတွင်းရှိ…

Read More

Loading

မန္တလေး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုထက်မြတ်အောင်သည် ယနေ့ဒီဇင်ဘာ ၁၇ ရက်တွင် စစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ ကိုထက်မြက်အောင် ဖမ်းဆီးခံရမှုအပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနိုင်းရေးအင်အားစု-GSCB၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC-MDY) နှင့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အရေးပေါ်ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံရချိန်တွင် ပြင်းထန်သော အကြမ်းဖက် ရိုက်နှက်ထိုးကြိတ်မှုများ ကျူးလွန်ခဲ့သည့်အပြင်…

Read More

Loading

ကေအဲန်ယူ-ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ရပြီး ရွာသားအချို့ကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုရန် စစ်ကော်မရှင်တပ်က ဖမ်းဆီးထားသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် တပ်မ (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းသည်…

Read More

Loading

ရခိုင်ပြည်၊ မြောက်ဦးဆေးရုံဗုံးကြဲခံရမှုတွင် သေဆုံးသူများထဲမှ မည်သူမည်ဝါ မသိရသည့် မူဆလင်နှင့် ရခိုင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်း တွေ့ရသဖြင့် အခြေအနေအရ သဂြိုလ်လိုက်ရသည်ဟု မြေပြင်တွင် ကူညီဆောင်ရွက်နေသူ တစ်ဦးက သံလွင်ခက်ကိုပြောသည်။ မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုတွင်း ပြည်သူ ၃၄ ဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဆက်သွယ်ရေးအခက်အခဲများကြောင့် မည်သည့်မိသားစုနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုမရသေးဟု…

Read More

Loading

ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသား ၁၀၀ ကို မဲဆောက်လေဆိပ်မှတဆင့် ယနေ့ နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု တာ့ခ် လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်သည်။ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၁၀း၀၀ နာရီတွင် တရုတ်နိုင်ငံ၏ လေကြောင်းလိုင်း China Southern Airlines ဖြင့် တရုတ်နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ပြန်လည်ပို့ဆောင်ခြင်းခံရသည့်…

Read More

Loading

ထိုင်း – မြန်မာနယ်စပ်သို့ ရောက်ရှိနေသော တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိ (Mr. Liu Zhongyi)သည် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့မှတဆင့် KK Park နှင့် ရွှေကုက္ကိုလ်မြို့များသို့ သွားရောက်ကာ ထိန်းသိမ်းထားသော တရုတ်ကျားဖြန့်လုပ်သားများနှင့်တွေ့ဆုံခဲ့သည်ဟု နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံအစည်းအဝေးသို့ တက်ရောက်လာသော မစ္စတာလျိုကျုံးရိသည်…

Read More

Loading

လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၁၂ သန်းကျော်သည် ပြင်းထန်သော ဆာလောင်မွတ်သိပ်မှုကို ကြုံတွေ့ရနိုင်ပြီး တစ်သန်းခန့်မှာ အသက်ကယ်ဆယ်ရေးအကူအညီ လိုအပ်မည့် အရေးပေါ်အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်သည်။ ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် နေရပ်စွန့်ခွာရသူဦးရေသည် လက်ရှိ ၃.၆ သန်းရှိနေရာမှ…

Read More

Loading

အက်သားရီ ရခိုင်တွင် အရပ်သားပြည်သူ ၄၂ ဦးအထိ သေဆုံးစေခဲ့သော အာဏာသိမ်းစစ်တပ် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုအပေါ် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ အရေးယူပေးရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တောင်းဆိုလိုက်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင်ပင် မြောက်ဦးဆေးရုံကို ညအချိန် ဗုံးကြဲတိုက်ခိုက်ခြင်းသည် အာရက္ခပြည်တွင်သာမက လက်ရှိမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် “မည်သည့် လူ့အခွင့်အရေးဟူသမျှ မရှိတော့ကြောင်း” သက်သေပြနေခြင်း ဖြစ်သည်ဟုလည်း…

Read More

Loading

မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက စစ်ကော်မရှင်နှင့် ပူးပေါင်း၍ အတင်းအကြပ် ပြန်ပို့ခဲ့ပြီးနောက် မြန်မာစစ်တပ်၏ အဓမ္မ စစ်မှုထမ်းခိုင်းမှုများရှိနေသည်ဟု Fortify Rights က ယမန်နေ့က ထုတ်ပြန်သည်။ ၂၀၂၄ ဖေဖော်ဝါရီလမှစ၍ ၂၀၂၅ နိုဝင်ဘာလအတွင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများသည် မြန်မာအလုပ်သမား သံအရာရှိများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံသား ၃၅၀၀…

Read More