![]()

အာဏာသိမ်းစစ်ကောင်စီက (၁၀၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ယနေ့၊ နိုဝင်ဘာလ ၁၄ ရက် နံနက်တွင် ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ အုန်းသီးအပါအဝင် အနုပညာရှင် ၁၃ ဦးကို လူမှုထူးချွန်ဆုများ ပေးခဲ့သည်။
လူမှုထူးချွန်ဆု ပထမအဆင့်ကို ဟာသသရုပ်ဆောင် ဒိန်းဒေါင်နှင့် ဒါရိုက်တာစင်ရော်မောင်မောင်တို့ကို ပေးခဲ့သည်။
လူမှုထူးချွန်ဆု ဒုတိယအဆင့်ကို ဟာသသရုပ်ဆောင် ငြိမ်းချမ်း၊ သရုပ်ဆောင် ဝေဠုကျော်နှင့် သရုပ်ဆောင် ခိုင်နှင်းဝေတို့အား ချီးမြှင့်ခဲ့သည်။

ထို့အပြင် လူမှုထူးချွန်ဆု တတိယအဆင့်ကို သရုပ်ဆောင် ထူးခန့်ကျော်၊ လူရွှင်တော် အုန်းသီး၊ ဦးတိမ်ညွန့်၊ ဇာတ်သဘင်လောကမှ တင်မောင်ဆန်းမင်းဝင်း၊ ပတ္တမြားကေခိုင်တို့အပြင် ဒါရိုက်တာများဖြစ်ကြသော ညိုမင်းလွင်၊ ကိုဇော်(အရုဏ်ဦး)နှင့် ကျော်ဇောလင်း(အတွေးပုံရိပ်)တို့ကို ပေးအပ်ခဲ့သည်ဟု သိရသည်။
#စစ်တပ် #လူမှုထူးချွန်ဆု #လူရွှင်တော်ဒိန်းဒေါင် #ငြိမ်းချမ်း #အုန်းသီး #ThanLwinKhetNews
