![]()
အာဏာသိမ်းစစ်တပ်အား ကျားဖြန့်လုပ်ငန်းများဖြင့် နာမည်ဆိုးထွက်ပေါ်နေသော KK Park အတွင်းသို့ BGFက ဝင်ခွင့်ပြုလုပ်သည့်နောက်ပိုင်းတွင် အဆောက်အဦးများအား ယမ်းဖောက်ခွဲမှုများပြုလုပ်လာခဲ့သည်မှာ ၄၃ ကြိမ်ရှိပြီဖြစ်သည်။
အောက်တိုဘာ ၂၃ ရက်မှ ယနေ့နိုဝင်ဘာ ၁၅ ရက်အထိ ၂၄ရက်တာ ကာလအတွင်း KKPark အတွင်းရှိ အဆောက်အဦးများကို နေ့စဉ်နဲ့အမျှ ဖောက်ခွဲခဲ့သည်။
ဖောက်ခွဲမှုများအဖြစ် အောက်တိုဘာ ၂၃ ရက်မှ ၂၈ရက်အထိ တစ်နေ့လျှင် တစ်ကြိမ်၊ အောက်တိုဘာ ၂၉ ရက်တွင် သုံးကြိမ်၊ အောက်တိုဘာ ၃၀တွင် နှစ်ကြိမ်နှင့် ၃၁ တွင် လေးကြိမ်ဖောက်ခွဲခဲ့သည်။
ယခုနိုဝင်ဘာလအတွင်းတွင် တစ်ရက်လျှင် နှစ်ကြိမ်ခန့်ဖြင့် နေ့စဉ်ဖောက်ခွဲခဲ့ပြီး သံလွင်ခက်၏ ဓါတ်ပုံမှတ်တမ်းများတွင် လူနေထိုင်သည်ဟု ယူဆရသော လိုင်းခန်းအဆောက်အဦးများကို အများဆုံးဖောက်ခွဲထားကြောင်း တွေ့မြင်ရသည်။
စစ်ကော်မရှင်၏ နိုဝင်ဘာ ၉ ရက်ထုတ်ပြန်ချက်တွင် မြဝတီမြို့နယ်အတွင်းရှိ၊ KKPARK ဝန်းသည် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများအပြင်၊ အွန်လိုင်းလောင်းကစားများ၊ ဒုစရိုက်လုပ်ငန်းများ ကျူးလွန်နေသည်ကို တွေ့ရှိရသဖြင့် အဆောက်အဦ ၁၀၁ လုံးကို ဖြိုချဖျက်စီးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ရုပ်သံ – KG၊ သံလွင်ခက်
#KKPark #စစ်တပ် #BGF #ဖောက်ခွဲ #ThanLwinKhetNews
