![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ ရသေ့တောင် ဘာထလေကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဦး သေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့သည့်အတွက် ထိခိုက်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ရသေ့တောင်ဒေသခံ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ”ဂျက်ဝဲတာနဲ့ ဗုန်းဆို ချသွားတယ်။ ရွာထဲနား ချသွားတာဆိုတော့ ဒေသခံ နှစ်ဦးက သေသွားတယ်။ နောက်ထပ် ရွာသား လေးဦးလည် ဒဏ်ရာရသွားတယ်။ အနီးအနားက အိမ်တွေလည်း ပျက်စီးသွားပါတယ်” ဟုပြောသည်။
ဒဏ်ရာရရှိသူများတွင်လည်းပြင်ထန်းဒဏ်ရာရရှိသူများပါဝင်သည်ဟု သိရသည်။
တစ်ချိန်တည်းတွင် ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကိုလည်း ပေါင် ၅၀၀ ဗုံးတစ်လုံး စီ ကြဲချခဲ့ပြီး အပျက်အစီး အခြေအနေအား သံလွင်ခက်အနေဖြင့် ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
#ရသေ့တောင် #ဘာထလေကျေးရွာ #စစ်ကော်မရှင်ဗုံးကြဲ #ThanLwinKhetNews
