![]()
ထိုင်း – ကရင်နယ်စပ်၊ သောင်ရင်းမြစ်ဘေးရှိ ဝေါ်လေဗျူဟာကုန်းမကျရေးအတွက် စစ်တပ်ဘက်မှ လေကြောင်းပိုမိုအသုံးပြုလာသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ယခု ရက်သတ္တပတ်အတွင်း စစ်တပ်ဘက်မှ ဝေါ်လေဗျူဟာသို့ လေယာဥ်ဖြင့် ရိက္ခာချပေးခြင်း၊ ခဲယမ်းကျည်များချပေးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်လာသည်။ မြေပြင်ရဲဘော်တစ်ဦးက “ပြီးခဲ့တဲ့ရက်ကဆိုရင် တောက်လျှောက်ပဲ ပစ္စည်းလာချတာ။ မနေ့ကဆိုရင်လည်း လာချလိုက်၊ ပြန်လိုက် နှစ်ခေါက်၊…