တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့အား စစ်ကောင်စီက ဩဂုတ် ၂၅ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုရင် သုံးပါးနှင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု သိရသည်။
ယနေ့ နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်က ဝါဆိုကျောင်းဘက်အား စစ်ကောင်စီက လေကြောင်းမှ ပေါင် ၂၅၀ အား ဗုံး နှစ်လုံး ကြဲချခဲ့ခြင်းကြောင့် နေအိမ် ၂၂ လုံး၊ ကျောင်းဆောင် လေးဆောင်နှင့် ကား နှစ်စီးတို့ ထိခိုက်ပျက်စီးခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန် ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်ကလည်း ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ပေါင် ၂၅၀ အား ဗုံး နှစ်လုံးနှင့် လက်နက်ကြီး ၁၁ လုံး ပစ်ချခြင်းခဲ့ကြောင့် လူနေအိမ် ခြောက်လုံး ပျက်စီးခဲ့ရသည်။
ယင်းသို့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုမရှိစေရန် ပြည်သူများအနေဖြင့် စစ်ရေးသ တိ အမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်နည်းလမ်းများအား လိုက်ပါ ဆောင်ရွက်ရန် လိုအပ်သည်ဟု TNLA မှ သတိပေးထားသည်။
စစ်ကောင်စီ စတင်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၂ ရက်အထိ ငါးနှစ်နီးပါးအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၇၀၀၀ ကျော် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
#ကျောက်မဲ #စစ်ကောင်စီဗုံးကြဲ #ThanLwinKhetNews