ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၁၊ သထုံ (ဒူသထူ) ခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောကျေးနယ်၊ ချမ်းမြေ့စုဘုန်းကြီးကျောင်းသို့ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ယနေ့နံနက် ၁၀ နာရီခွဲတွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “ဘုန်းကြီးကျောင်းမှာ ထိကျတာ။ ဘုန်းကြီး ၇ ပါး ထိတယ်။ စိုးရိမ်ရတယ်။ နေအိမ်တွေတော့ မထိဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရသည့် ဘုန်ကြီး ၇ ပါးထဲမှ နှစ်ပါး ပျံလွန်သွားပြီး နောက်ထပ် တစ်ပါးမှာ ဒဏ်ရာပြင်းထန်သောကြောင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
အခြားဒေသခံထိခိုက်မှုကိုတော့ လက်ရှိတွင် အတည်မပြုနိုင်သေးပါ။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နှင့် ၁၁ ရက်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ငါးလုံးနှင့် ဆိုင်ကယ် သုံးစီး ပျက်စီးခဲ့ရသည်။
ပုံစာ – ယနေ့နံနက် ၁၀ နာရီခွဲအတွင်း စစ်တပ်ဘက်မှ လေယာဥ်ကြဲချမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ