ကရင်ပြည်နယ်၊ ဝေါ်လေမြိုင်မြို့နယ်ရှိ ဝေါ်လေဗျူဟာကုန်းတွင် ယနေ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။
ယနေ့ နေ့လယ် ၁၁ နာရီမှစပြီး ည ၇ နာရီအချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
၎င်းက “ဒီနေ့ တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးကတော့ သူထုကိုယ်ထုပဲ။ ဒါပေမယ့် စကစဘက်က လေယာဥ်နဲ့ လာကြဲတာတွေရှိတယ်။ ၃ နာရီလောက်က Y – 12 နဲ့လည်း ဓာတ်ဆီတွေ လာပို့တယ်” ဟု ပြောသည်။
ယနေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိသော်လည်း အတည်မပြုနိုင်သေးပေ။
ဝေါ်လေဗျူဟာကုန်းစခန်းတွင် စစ်ကောင်စီအင်အား ၅၀၀ ဝန်းကျင်ရှိပြီး စခန်းကုန်း နှစ်ခု၊ ကာကင်းစခန်း ငါးခု ရှိသည်ဟု သိရသည်။
ဝေါ်လေဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်များက ဇူလိုင်လ ၂ ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ရန် ဝေါ်လေဗျူဟာနှင့် တီသဲလယ်ကာကင်းစခန်းသာ ကျန်ပြီး စစ်ကောင်စီဘက်က လေကြောင်းမှ ဗုံးကြဲခြင်း၊ ရိက္ခာပို့ခြင်းအပြင် ကာမီကာဇေအသေခံဒရုန်းများကိုလည်း အသုံးပြု တိုက်ခိုက်လျက်ရှိသည်။
#ဝေါ်လေဗျူဟာကုန်း #လေယာဉ်ဖြင့်တိုက်ခိုက် #စစ်တပ် #ThanLwinKhetNews