![]()
ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ကေအဲန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ လေးကေ့ကော်ဒေသ ရေကန်ကုန်းကို စစ်တပ်ဘက်မှ ယမန်နေ့က ပြန်လည် သိမ်းပိုက်ခဲ့သောကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ လေးကေ့ကော်ဒေသတွင် ယမန်နေ့က စစ်တပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးကပြောသည်။ …