သံလွင်ခက်။ ဇူလိုင် ၈ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ စစ်ကောင်စီအထိုင်စခန်း နှစ်နေရာကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA (အနောက်မြောက်စစ်ဒေသ) က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ပုလဲမြို့ထဲရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိသော…