![]()
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ကြောတွင် စစ်ကောင်စီတပ်ဘက်မှ ရှေ့ဆက်တိုးလာသောကြောင့် ယနေ့နံနက်တွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည်ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။ မြေပြင်ရဲဘော်တစ်ဦးက “ဒေါနတောင်ကြောပေါ်မှာ ထိတွေ့မှုတွေဖြစ်တယ်။ တိုက်ပွဲ ပြင်းထန်တယ်။ စစ်ကောင်စီဘက်က တိုးလာတာပါ။ ဒီကောင်တွေ မိုင်းတွေလည်း နင်းမိတယ်။ စနိုက်ပါလည်းထိတယ်။ အခုလက်ရှိအချိန်အထိ တိုက်ပွဲ ပြင်းထန်နေတုန်းပဲ” ဟုဆိုသည်။…