• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်
  • လုံလောက်စွာ ဆေးကုသခွင့်မရ၍ ဇွန်လ တစ်လတည်းတွင် နိုင်ကျဉ်း ၃ ဦးအထိ သေဆုံး
  • ထိုင်းနိုင်ငံ တစ်ရှူးစက္ကူစက်ရုံမီးလောင်မှုဖြစ်ပွား သေဆုံးသူများနှင့် ပျောက်ဆုံးသူများရှိ
  • အာဏာသိမ်းရန် တောင်းဆိုနေသည်ဟု ပြောဆိုချက်ကို ဆန္ဒပြခေါင်းဆောင်များမှ ငြင်းဆို
  • ရုရှားက ယူကရိန်းကို လက်နက် ၅၀၀ ကျော်နဲ့ ညလုံးပေါက် ပစ်ခတ်
  • ဒေသတွင်း တိုက်ပွဲများကြောင့် လော့ခေါ်စစ်ရှောင်များအပါအဝင်ဒေသခံများ နေရာရွှေ့ပြောင်းရ
  • ကျောက်မဲကို တစ်လထဲ သုံးကြိမ်မြောက် ဗုံးကြဲ၊ ဒေသခံများ ထိခိုက်မှုရှိ
  • စစ်ဝါဒီတွေစိုးမိုးဗိုလ်ကျရာ အရှေ့တောင်အာရှ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ရေစကြိုတွင် စစ်ကောင်စီကြောင်းမှ သတ်ဖြတ်မှုကြောင့်သေဆုံးသူ ၁၈ ဦး အထိရှိလာ
တိုက်ပွဲသတင်း

ရေစကြိုတွင် စစ်ကောင်စီကြောင်းမှ သတ်ဖြတ်မှုကြောင့်သေဆုံးသူ ၁၈ ဦး အထိရှိလာ

thanlwinkhetBy thanlwinkhetMarch 18, 2025Updated:April 23, 2025No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှ စတင်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ၎င်းတို့ လမ်းကြောင်း တလျှောက် ရှိ ကျေးရွာနေဒေသခံပြည်သူ ၁၈ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီး ပစ်ခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
အဆိုပါစစ်ကြောင်းသည် ပခုက္ကူအခြေစိုက်တပ်မ (၁၀၁)နှင့် ရေစကြိုမြို့တွင်အခြေစိုက်သည့် ခလရ (၂၅၆)၊ (၂၅၇)နှင့် (၂၅၈) တပ်ရင်းများ စုပေါင်း၍ ရေစကြိုမြို့ပေါ်မှ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာများဆီသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။
ရေလယ်ကျွန်းသတင်းအဖွဲ့မှ ကိုဖြိုးကြီးက” သတ်တာဖြတ်တာနဲ့ မီးရှို့တာကတော့ ပြောမနေတော့နဲ့ လူမဆန်တဲ့ လုပ်ရပ်ကတော့ တော်တော်ကြီးကို အဆိုးဝါးဆုံးစစ်ကြောင်းဖြစ်နေတာ။ မီးရှို့တာတွေကလည်း ရွာလုံးကျွတ် တွေကုန်သွားတာ။” ဟု ပြောသည်။
ထိုသို့ ဒေသတွင်းတွင်တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လူနေကျေးရွာများသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးကာ မီးရှို့ နေခြင်းဖြစ်သည်ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၂ ရက်နေ့မှ ၄ ရက်အထိ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ရေလယ် ကျွန်းဒေသရှိ မြေစွန်းတော်ရွာသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။
ထိုနောက် ကျေးရွာအတွင်းမှ ထွက်ပြေးရန် ခက်ခဲသည့် အသက်ကြီးရွယ်အို ၁၁ ဦးအား သတ်ဖြတ်ခဲ့ပြီး ဒေသခံ ပြည်သူနေအိမ် ၂၆၆ လုံးကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။
ယင်းအပြင် မတ်လ ၅ ရက်နေ့မှ ယနေ့မတ်လ ၁၈ ရက်နေ့အတွင်း မာလကာခြံရွာ၊ မြေတော်ရွာ၊ ရွာသစ်ရွာ၊ ဇရပ်နီရွာနှင့် သာဂေါင်း(ရာမ)ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၇ ဦးထက်မနည်းကို စစ်ကောင်စီ စစ်ကြောင်းမှ ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၁၇ ရက်နေ့တွင် ဘိစပ်ကုန်းကျေးရွာအတွင်းသို့ဝင်ရောက်ကာ ဒေသခံပြည်သူများ နေအိမ်ပိုင်ပစ္စည်းများကို ဖျက်ဆီးနေပြီး ယနေ့မနက်ခင်းပိုင်းတွင် ကျေးရွာရှိ လူနေအိမ်များ ကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိသည်ဟု ရေလယ်ကျွန်းသတင်းအဖွဲ့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
“ဝိုက်ဖမ်းနေလို့ ကျွန်းပေါ်က လူတွေမိသွားတယ် အတိအကျတော့မသိရသေးဘူးဗျ ၊ မိတာကတော့များတယ် ” ဟု စစ်ရှောင်အမျိုးသားတဦးက ပြောသည်။
ယနေ့ မတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီကြောင်းမှ တပ်စွဲထားသည့် ဘိစပ်ကုန်းကျေးရွာမှ ဒေသခံ များသည် ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ကနဦးသိရသည်။
ရေလယ်ကျွန်းသတင်းအဖွဲ့မှ တာဝန်ရှိသူ၏ ပြောပြချက်အရ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံထားရသည် ဟုလည်း သိရသည်။
အဆိုပါစစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ရေစကြိုမြို့နယ်အပြင် စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ဆူးလေး ကုန်း၊ ပန်းညို၊ မြစ်ဆုံ၊ ငါးရံ့အိုး၊ နနွင်းကိုင်း၊ မြစ်သာ၊ ဆင်လှောင်နှင့် မင်းလှကျေးရွာများရှိ ဒေသခံပြည်သူ ၂၀,၀၀၀ ထက်မနည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်၍ စစ်ရှောင်နေရသည်ဟု သိရသည်။
ပုံစာ – ဇရပ်နီကျေးရွာနှင့် မြေတော်ကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီစစ်ကြောင်းမှ မီးရှို့ဖျက်ဆီးထားသည်ကို မြင်တွေ့ရပုံ (ဓာတ်ပုံ – Yesagyo Township Info Committee)

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleထိုင်းနိုင်ငံတွင် ဘတ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ Vape ဆေးရည်နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
Next Article ကျောက်တံခါးမြို့နယ်က အမျိုးသမီး နှစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရ
thanlwinkhet
  • Website

Related Posts

မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်

July 1, 2025

လုံလောက်စွာ ဆေးကုသခွင့်မရ၍ ဇွန်လ တစ်လတည်းတွင် နိုင်ကျဉ်း ၃ ဦးအထိ သေဆုံး

June 30, 2025

ထိုင်းနိုင်ငံ တစ်ရှူးစက္ကူစက်ရုံမီးလောင်မှုဖြစ်ပွား သေဆုံးသူများနှင့် ပျောက်ဆုံးသူများရှိ

June 30, 2025

Leave A Reply Cancel Reply

Recent Posts

  • မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်
  • လုံလောက်စွာ ဆေးကုသခွင့်မရ၍ ဇွန်လ တစ်လတည်းတွင် နိုင်ကျဉ်း ၃ ဦးအထိ သေဆုံး
  • ထိုင်းနိုင်ငံ တစ်ရှူးစက္ကူစက်ရုံမီးလောင်မှုဖြစ်ပွား သေဆုံးသူများနှင့် ပျောက်ဆုံးသူများရှိ
  • အာဏာသိမ်းရန် တောင်းဆိုနေသည်ဟု ပြောဆိုချက်ကို ဆန္ဒပြခေါင်းဆောင်များမှ ငြင်းဆို
  • ရုရှားက ယူကရိန်းကို လက်နက် ၅၀၀ ကျော်နဲ့ ညလုံးပေါက် ပစ်ခတ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်

လုံလောက်စွာ ဆေးကုသခွင့်မရ၍ ဇွန်လ တစ်လတည်းတွင် နိုင်ကျဉ်း ၃ ဦးအထိ သေဆုံး

ထိုင်းနိုင်ငံ တစ်ရှူးစက္ကူစက်ရုံမီးလောင်မှုဖြစ်ပွား သေဆုံးသူများနှင့် ပျောက်ဆုံးသူများရှိ

အာဏာသိမ်းရန် တောင်းဆိုနေသည်ဟု ပြောဆိုချက်ကို ဆန္ဒပြခေါင်းဆောင်များမှ ငြင်းဆို

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်

July 1, 2025

လုံလောက်စွာ ဆေးကုသခွင့်မရ၍ ဇွန်လ တစ်လတည်းတွင် နိုင်ကျဉ်း ၃ ဦးအထိ သေဆုံး

June 30, 2025

ထိုင်းနိုင်ငံ တစ်ရှူးစက္ကူစက်ရုံမီးလောင်မှုဖြစ်ပွား သေဆုံးသူများနှင့် ပျောက်ဆုံးသူများရှိ

June 30, 2025

အာဏာသိမ်းရန် တောင်းဆိုနေသည်ဟု ပြောဆိုချက်ကို ဆန္ဒပြခေါင်းဆောင်များမှ ငြင်းဆို

June 30, 2025

ရုရှားက ယူကရိန်းကို လက်နက် ၅၀၀ ကျော်နဲ့ ညလုံးပေါက် ပစ်ခတ်

June 30, 2025

ဒေသတွင်း တိုက်ပွဲများကြောင့် လော့ခေါ်စစ်ရှောင်များအပါအဝင်ဒေသခံများ နေရာရွှေ့ပြောင်းရ

June 30, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.