ထိုင်း – ကရင်နယ်စပ်၊ သေ့ဘောဘိုးဗျူဟာစခန်းကို ပူးပေါင်းတပ်ဖွဲ့များ တဖန်ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ညက ဒရုန်းဖြင့် တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးကဆိုသည်။ ၎င်းက “ဒရုန်းက မနေ့က ကြဲတာမဟုတ်ဘူး။ ဒရုန်းက နေ့တိုင်းကြဲနေတယ်။ ဒီနေ့လည်း ကြဲနေတယ်” ဟု ပြောသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ…