ဆုလာဘ်
ပဲခူးတိုင်း၊ ကျောက်ကြီး နတ်သံကွင်းကားလမ်းနံဘေး ရင်းတိုက်ကုန်းကျေးရွာတွင် KNLA-PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ ယနေ့ နံနက်၌ တိုက်ပွဲပြင်းထန်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာလျက်ရှိပြီး တော်လှန်ရေးတပ်များဘက်တွင်လည်း ထိခိုက်မှုရှိသည်ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာနေရာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေအတွင်းဖြစ်ပြီး ယခုနှစ်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာ အနီးရှိ နောင်ကုန်းကျေးရွာဒေသခံ တစ်ဦးက “ဖြစ်တာက မနေ့ည ၁၂ နာရီကတည်းက ဖြစ်နေတာ၊ အခုချိန်ထိပဲ။ လေယာဉ်တွေလည်း လာတယ်။ မိုးကလည်း သည်းနေတော့ အဲဒီမိုးသဲကြီးမဲကြီးထဲမှာပဲ တိုက်ပွဲက ဖြစ်နေတာ” ဟု သံလွင်ခက်ကို ပြောသည်။
ယခုအချိန်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက် ကျဆုံးထိခိုက်မှု အရေအတွက်ကိုတော့ အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။
#ကျောက်ကြီး #နတ်သံကွင်း #တိုက်ပွဲပြင်းထန် #ပဲခူး #ThanLwinKhetNews